တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေတွင် အမည်မသိ မွတ်စလင်အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရွာအနောက်ဘက်ကမ်းခြေ၌ အမည်မသိအမျိုးသမီးနှစ်ဦး၏ အလောင်းအား ယနေ့ ဩဂုတ်လ ၇ ရက်ညနေ ၄ နာရီခွဲအချိန်ကတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

ယခုတွေ့ရှိခဲ့သည့် အလောင်းများမှာ မွတ်စလင်အမျိုးသမီးနှစ်ဦး၏အလောင်းဖြစ်ပြီး မည်သည့် ကျေးရွာမှ အမျိုးသမီးများဖြစ်သည်ကို မသိရှိရသေးကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးကနိရဥ္စရာသို့ပြောသည်။

" ကျွန်တော်တို့ တွေ့ရတဲ့အလောင်းတွေကတော့ မွတ်စလင်အမျိုးသမီးတွေပါ။ ဘယ်သူဘယ်ဝါတွေ ဆိုတာတော့ မသိရသေးပါဘူး။" ဟု ကိုသာဂီဖြိုးကပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးတွင် တစ်ဦးမှာ တစ်ဦးမှာ အသက် (၂၀)ကျော်ဝန်းကျင်ရှိပြီး နောက်တစ်ဦးမှာ (၃၀) ကျော်ဝန်းကျင် ရှိနိုင်ကြောင်း သူကဆက်ပြောသည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာ စက်လှေနစ်မြုပ်ရာက ရေနစ်မြုပ်ကာ သေဆုံးခဲ့ပုံရပြီး တခြားပြင်ပဒဏ်ရာရရှိထားမှုတစ်စုံတစ်ရာမရှိကြောင်း ပြောသည်။

သေဆုံးလျက်တွေ့ရှိသူအမျိုးသမီးနှစ်ဦးမှာ မွတ်စလင်အမျိုးသမီးများဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများ ဝတ်ဆင်ထားသည်ကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ မှတ်တမ်းဓာတ်ပုံများထဲတွင် တွေ့ရသည်။

လက်ရှိတွင်အမျိုးသမီးနှစ်ဦး၏အလောင်းအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားပြီဖြစ်​ကြောင်းသိရသည်။

 

ဓာတ်ပုံံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ