- Web Master
- ၀၇ အောက်တိုဘာ ၂၀၂၄
ကချင်ပြည်ခါယာတောင်၌ တပ်စွဲထားသောစစ်ကောင်စီတပ်မှ KIA လိုင်ဇာဌာနချုပ်ရှိရက္ခိုင့်တပ်တော် (AA) ၏တပ်စခန်းများကို ယမန်နေ့ စက်တင်ဘာ၂၉ရက်နေ့ကလည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုသတင်းရရှိသည်။
စက်တင်ဘာလ ၂၈ ရက်နေ့က ခါယာတောင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ တပ်စခန်းများမှ မုန်လိုင်ခတ်ရှိ ရက္ခိုင့်တပ်တော်၏ စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်
“ မနေ့ ညနေ ၄ နာရီ
ခွဲခန့်မှာ စစ်ကောင်စီတပ်က ခါယာတောင်ကနေပြီး ဟိုတနေ့က
ပစ်ခတ်ခဲ့တဲ့ မုန်လိုင်ခတ် ရက္ခိုင့်တပ်တော်ကို ထပ်မံပစ်ခတ်ခဲ့တယ်။ တပ်တော်ရဲ့ စခန်း ပစ်မှ
သို့သော်လည်း ယမန်နေ့က ထပ်မံပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရမှု တစ်စုံတရာမရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ဘက်မှ လိုအပ်သလို တုံ့ပြန်သွားမည် ဖြစ်ကြောင်း၊ ULA/AA ကို ဦးတည်ပြီး ရန်စမှုများ ဆက်ရှိလာပါက တိုက်ပွဲဖြစ်လာနိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
"ရခိုင်ဘက်မှာဆိုလို့ရှိရင်တော့ အပစ်အခတ်ရပ်စဲရေးကဆက်ပြီးတည်တံ့