တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမ်းမြို့နယ်တွင် လယ်သမားတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 817

ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လယ်ကွင်းတွင် စပါးတလင်းသိမ်းနေသည့် လယ်သမားတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အမ်းမြို့နယ်၊ ကဇုကိုင်းတိုက်နယ်၊ ဒါးလက် အုပ်စု၊ အထက်ရွာဟောင်း ကျေးရွာမှ  ဦးမောင်ကြီး (၅၃နှစ်) (ဖ) ဦးပျော့ကြီး(မိ) ဒေါ်မကျိတ် ရခိုင်လူမျိုးဖြစ်ကြောင်း သိရသည်။ 

၎င်းလက်နက်ကြီးကို အမ်းမြို့နယ်၊ ကဇုကိုင်းအနီးရှိ  တောဟိန်းတောင်ထက်တွင် အခြေချထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စမှာ ဦးမောင်ကြီး၏ ဘယ်ဘက်လက်ကောက်ဝတ် အဆစ်အောက်  (၂)လက်မအကွာ တွင် လက်နက်ကြီးအစဝင်ပြီး  အကြောများ ပြတ်ထွက်သွားကြောင်း ၎င်းက ပြောကြားသည်။

အမ်းမြို့နယ် ကဇုကိုင်းကျေးရွာ အနီးဝန်းကျင်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ