- Web Master
- ၁၁ စက်တင်ဘာ ၂၀၂၄
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်၏ လေကြောင်းပစ် ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၃ ဦးနှင့် ကျောင်းဆရာ ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ဒွယ်လိုးမြို့နယ်၊ ထီးဂေါ်တာရွာမှ စောအယ်မူလား (၁၄)နှစ်၊ စောဘိုကြီး(၁၃)နှစ်၊ နော်ထီးခူဖေါ(၁၆)နှစ်နှင့် ကျောင်းဆရာ စောဖါးဒါး(၅၆)နှစ်တို့ဖြစ်သည်။
စက်တင်ဘာလ ၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က ယင်းရွာထဲသို့ စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ယခုကဲ့သို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကျောင်းဆရာမတစ်ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၇ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၈) ရက်၊ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် ခလယ်ထာ၊ တာခဲခဲ ဒေသ၌ ၃ ကြိမ်၊ ဂယ်ယူဒဲ ဒေသ၌ ၁ ကြိမ်နှင့် သေသူးခီးဒေသတွင် ၁ ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုနှင့် အခြားသော ထိခိုက်ပျက်စီးမှုများကို စစ်ဆေးအတည် ပြုဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်
KNU ၏ ပြောခွင့်ရသူ ပဒိုစောကလယ်စေး က “နစက ဖက်က ကျဆုံးမှုပိုများလာတာနဲ့အမျှ လူထုအပေါ်ပစ်မှတ်ထား တိုက်ခိုက်တဲ့လုပ်ရပ်တွေ ပိုပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒါကို ကျွန်တော်တို့သုံးသပ်မယ်ဆိုရင် စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပိုပြီးလုပ်ဆောင်လာတယ်။ သူတို့မှာ ဒီနည်းလမ်းတွေကိုပဲ ပိုပြီးတော့ လုပ်လာကြတယ်’’
ဟု သုံးသပ်ပြောကြားသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရသည့်အတွ
တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အရေအတွက် အတိအကျ မသိရ သေးသော်လည်း ၎င်းတို့တွင် လက်ရှိအခက်အခဲများစွာနှင့်ကြုံ
Photo – Karen National Union