- Web Master
- ၃၀ စက်တင်ဘာ ၂၀၂၄
နိရဉ္စရာ၊ ဇူလှိုင် ၄/၂၀၂၄
ဇွန်လအတွင်း နိုင်ငံတစ်၀န်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၉၆) ဦး သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူ (၃၈) ဦးရှိရာ သေဆုံးမှု အများဆုံးဒေသဖြစ်သည်ဟု (AAPP) က ဇူလိုင်(၃)ရက်က သတင်းထုတ်ပြန်သည်။
နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအသင်း(AAPP)
သေဆုံးခဲ့သူများတွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၉) ဦး ပါဝင်ခဲ့သည်။ အဆိုပါ (၅၆) ဦးအနက် ရခိုင်ပြည်နယ်မှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။
ထို့ပြင် အဆိုပါဇွန်လ အတွင်း နိုင်ငံတဝန်းလုံး၌ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၄၀) ဦး သေဆုံးခဲ့သည်။
အဆိုပါ (၄၀) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၂) ဦးဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု(AAPP) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဇွန်လ အတွင်း စုစုပေါင်း ၉၆ ဦးအထိရှိပြီး ရခိုင်တွင် ၃၈ ဦးအထိ ရှိခဲ့သည်။
ထိုသေဆုံးခဲ့သူများကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။