- Web Master
- ၀၇ အောက်တိုဘာ ၂၀၂၄
လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၁ ရက်/၂၀၂၄
ရခိုင်ပြည်တောင်ဘက်ပိုင်း သံတွဲမြို့ပေါ်နှင့် သုံးမိုင်သာကွာဝေးသည့် ပန်းချင်းပေါက်
(ပန်းခြင်းပေါက်) ကျေးရွာ အနီးတဝိုက်
ဇွန်လ ၂၁ ရက်နေ့တွင် နံနက် အစောပိုင်းမှ စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် မြေပြင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီမှ ကြည်း၊ရေ၊လေ အသုံးပြု၍ ခုခံကာကွယ်နေ၍ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။
“ဒီနေ့မနက်က တော်တော်နီးနီးကပ်
ပန်းချင်းပေါက်ကျေးရွာသည် သံတွဲမြို့နှင့် ၃ မိုင်သာကွာဝေးပြီး သံတွဲမြို့နှင့် အဆိုပါကျေးရွာကြားတွင် ရွှေကျောင်းပြင်ကျေးရွာတစ်ခုသာ
ယခင်က သံတွဲမြို့မှ လက်နက်ကြီး ပစ်ခတ်သံများကို အများအားဖြင့် ကြားရပြီး ယနေ့တွင် လက်နက်ငယ်ပစ်ခတ်သည့် အသံများကို သံတွဲမြို့ပေါ်မှ နီးနီးကပ်ကပ် ကြားလာရသည်ဟု မြို့ခံများက ပြောသည်။
“အေအေက မြို့ပေါ်ကို ဝိုင်းထားပြီး ထိုးစစ်ဆင်လာသလို
တွေးမိတယ်။ မြို့ပတ်ဝန်းကျင် အနီးအနားကကို ကြားလာရတယ်။ ဒီနေ့မြို့
သံတွဲမြို့နယ်တွင် ဧပြီလ ၁၃ ရက်မှစတင်ကာ မြို့နှင့် မိုင် ၂၀ ခန့်ဝေးသည့် ရွှေလှေတိုက်နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား စတင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ယခုအခါ လက်နက်ကြီးအပြင် လက်နက်ငယ်ပစ်ခတ်သည့် တိုက်ပွဲသံများသည် သံတွဲမြို့အနီး ၂ မိုင်၃ မိုင်သာ ဝေးသည့်နေရာများမှ ကြားလာရသောကြောင့် အာရက္ခတပ်တော်မှ မြို့သိမ်းရန် နီး ကပ်လာနေပြီဟု ထင်မြင် သုံးသပ်မိကြောင်း ဒေသခံများက သုံးသပ် ပြောဆိုကြသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်သံ၊ ရေတပ်မှ ပစ်သံ၊ လေယာဉ်
ဗုံးကြဲသံများကို နေ့စဉ်လိုလို ကြားနေရသော်လည်း လက်နက်ငယ်ပစ်ခတ်သံများကို ဇွန်လ ၂၁
ရက် နေ့မှစတင်ကာပြန်လည် ပိုမိုကြားလာရခြင်း ဖြစ်သည်ကြော
စစ်ကောင်စီတပ်များသည် သံတွဲလေဆိပ်၌ အထိုင်ချတပ်စွဲထားပြီး ခမရ ၅၆၆၊ ခလရ ၅၅ တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။