တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

သံတွဲမြို့တွင်ရှေးဟောင်းသမိုင်းဝင် နံတော်တောင်အား စစ်ကောင်စီမှ ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

လူထက်နိုင်( ဒွါရာမြီ)၊နိရဥ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၄

ရခိုင်ပြည် သံတွဲမြို့၊ ရှေးဟောင်းသမိုင်းဝင် နံတော်စေတီတည်ရှိရာ တောင်ကုန်းအား စစ်ကောင်စီမှ ဇူလိုင် ၁၂ရက်တွင် ဗုံးကြဲချခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဟုတ်တယ်။နံတော်တောင်ဘုရားကုန်းကို ဗုံးကြဲတာလဲဟုတ်တယ်။ လောလောဆယ် သေချာတာတော့ နံတော်တောင်ပေါ်က အာလိန်ငါးဆင့် အပေါ်ဖက်က ဓမ္မာရုံထိခိုက်တယ်၊ သဘာဝစုံလင် ရှုမျှော်စင် ထိခိုက်ပျက်စီးသွားတယ်” ဟုသံတွဲဒေသခံ တစ်ဦးမှပြောသည်။

သံတွဲမြို့၏ အထင်ကရ ရှေးဟောင်းစေတီ ၃ဆူ အနက် ၁ဆူဖြစ်သည့် နံတော်စေတီတည်ရှိရာ တောင်ကုန်းအားစစ်ကောင်စီမှ ဇူလိုင်လ ၁၂ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

သံတွဲမြို့တွင် အထင်ကရရှေးဟောင်းစေတီများရှိပြီး ရွှေဆံတော်၊ ရွှေအံတော်နှင့် ရွှေနံတော်စေတီများသည် ပိုမိုထင်ရှား လူသိများပြီး စစ်ကောင်စီက ထိုသို့ ဗုံးကြဲချသောကြောင့် ဒေသခံတစ်ချို့မှ မကျေမနပ် ဖြစ်နေကြောင်းသိရသည်။

နံတော်တောင်တွက်တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း နောက်ဆုတ်သွားပြီးနောက် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ