- Web Master
- ၀၂ အောက်တိုဘာ ၂၀၂၄
မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိက ငွေကြေးအလွှဲအပြောင်းပြုလုပ်နေသည့်
ဘင်္ဂလားဒေ့ရှ်
အစိုးရပိုင်ဆိုနာလီဘဏ်၏
မြန်မာဘဏ်များတွင် ဖွင့်လှစ်ထားသည့်
ငွေစာရင်းများကို ပိတ်ပင်ရန် ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်အစိုးရက
တောင်းဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်
နိုင်ငံပိုင် ဆိုနာလီဘဏ်သည် အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့ခံထားရသည့်
မြန်မာဘဏ် နှစ်ခုနှင့် ဆက်သွယ်လျှက်ရှိပြီး ငွေစာရင်းများ
ဖွင့်လှစ်ထားသည်။
နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာကြား ကုန်သွယ်ရေးနှင့် ငွေပေး ငွေယူကိစ္စများကို ဆိုနာလီဘဏ် အကောင့်များမှတစ်ဆင့် ပြုလုပ်လျှက်ရှိသည်။
ဆိုနာလီဘဏ်သည်
ပိတ်ဆို့ခံထားရသော မြန်မာဘဏ် နှစ်ခုစလုံးတွင်
ငွေစာရင်းနှင့် နိုင်ငံခြားသုံးငွေများ ရှိနေသည်။
အမေရိကန်သည်
ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ်(
MFTB) နှင့်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်သွယ်မှုဘဏ်( MICB) တို့အား စီးပွားရေးပိတ်ဆို့မှု
ပြုလုပ်ခဲ့သည်။
ထိုသို့ ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် ဒက္ကာရှိ အမေရိကန်သံရုံးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မြန်မာပြည်ရှိ ငွေစာရင်းနှစ်ခု ပိတ်ပင်ပေးရန် တောင်းဆိုခဲ့သည်။
ဩဂုတ်လ (၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ တောင်းဆိုချက်စာကို ဆိုနာလီဘဏ်သို့ ထပ်ဆင့်ပို့ဆောင်ပေးခဲ့ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ရန် အကြံပြုခဲ့သည်။
အဆိုပါအခြေအနေများကြောင့် ဆိုနာလီဘဏ်မှာ အကျပ်ရိုက်သွားခဲ့သည်။
ဆိုနာလီဘဏ်သည် မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်( MFTB) တွင် ဒေါ်လာ ၁၇၀၀၀၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုဘဏ်(MICB) တွင် ဒေါ်လာ ၂၀၀၀၀၀ စာရင်းဖွင့်လှစ်ထားသည်။
ဆိုနာလီဘဏ် တာဝန်ရှိသူများက ယခုအခါ အဆိုပါငွေများကို ၎င်းတို့အနေနှင့် ထုတ်ယူ၍လည်းမရ၊ လွှဲ
ပြောင်း၍လည်း မရ ဖြစ်နေသည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် မြန်မာနိုင်ငံမှ ကျွန်းသစ်၊ ဂျင်း၊ ကြက်သွန်၊ ကွမ်းသီး၊ ရေခဲရိုက်ငါးများ၊ တံမျက်စည်းမွေး၊ အုန်းသီး၊ ငါးခြောက်၊ ကြိမ်၊ မန်ကျည်းမှည့်၊ ပဲအမျိုမျိုး တို့ကို ဝယ်ယူတင်သွင်းလျှက်ရှိပြီး မြန်မာနိုင်ငံသို့ အာလူး၊ ဘီစကွတ် နှင့် ပလတ်စတစ်ပစ္စည်းများ တင်ပို့လျှက်ရှိသည်။
ref: dhakatribune.