သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အာဆီယံ အထူးသံတမန်နှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသွားရောက်ခဲ့မှုနှင့်ပတ်သက်ပြီး အာဆီယံ က ယနေ့တွင်တရား၀င်သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၇/၂၀၂၄

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ ၏ အထူးသံတမန်နှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့သွားရောက်ခဲ့မှုနှင့်ပတ်သက်ပြီး အာဆီယံ က ယနေ့တွင်တရား၀င် သတင်း ထုတ်ပြန်လိုက်သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ ၏ အထူးသံတမန် Alounkeo Kittikhoun နှင့်အတူ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း အာဆီယံ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်သည်အာဆီယံဘုံ သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရန်၊ အထူးသံတမန်မှတဆင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနှင့် ဆက်လက် ထိတွေ့ဆက်ဆံရေး နှင့် မြန်မာနိုင်ငံပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများ တိုးတက်ရေး စသည့် ရည်ရွယ်ချက်ဖြင့် သွားခဲ့ရောက်ခြင်း ဖြစ်သည်။

အာဆီယံဘုံ သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနှင့် ဆက်လက် ထိတွေ့ဆက်ဆံရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေးဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ခရီးစဉ်အတွင်း ဒေါက်တာ Kao သည် အာဆီယံမှ သံအမတ်ကြီးများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး ဆွေးနွေးခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း (IFRC) မှ ကိုယ်စားလှယ်များ ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ကမ္ဘာ့ဘဏ်တို့ မှ ကိုယ်စား လှယ်​များနှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ၊ မြန်မာနိုင်ငံအတွက် အာဆီယံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

(သို့ရာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်တွေ့ဆုံခဲ့မှုနှင့် ပတ်သက်သည့်ကိစ္စကိုမူ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကိုမတွေ့ရပေ) Source/ASEAN

ဆက်စပ် သတင်းများ