- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂၀၂၄
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖော်ဆောင်နေသည့် AA အဖွဲ့သည် သံတွဲမြို့နယ် နှင့် ထိစပ်နေသည့် ဂွမြို့နယ် ကျိန္တလီမြို့ကို သြဂုတ် ၁၄ ရက်က သိမ်းယူထားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရသိရပြီး ၎င်းတို့အနေဖြင့် ဂွမြို့ကိုဆက်လက် တိုက်ခိုက်ကာ ယင်းမှတစ်ဆင့် ဧရာဝတီတိုင်း ရှိမြို့နယ်အချို့နှင့် ကမ်းခြေဒေသများကို စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်၍ ရန်ကုန်ကို ဖိအားပေး စစ်ဘောင်ချဲ့ရန် ပြင်ဆင်လာသည့် အခြေအနေဖြစ်လာနေကြောင်း သြဂုတ် ၁၇ ရက်နေ့တွင် ပြည်တွင်း၌ အခြေစိုက်နေသော Eleven Media Group ကရေးသားထားသည်။
ယခုကဲ့သို့ ပြည်တွင်း အခြေစိုက် မီဒီယာတစ်ခုက ရေးသားမှုနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးသန်းစိုးနိုင်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်ပြီး သူ့အမြင်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ယူဆပါတယ်။ ဘာဖြ
ရခိုင်ပြည်နယ် နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်း၊ သာပေါင်းနှင့် ကမ်းခြေဒေသ များသို့ ဆက်လက်တိုက်ခိုက်လာဖွယ်ရှိပြီး စိမ့်ဝင်ဝင်ရောက်မှုများလည်း ရှိနေနိုင်သဖြင့် လုံခြုံရေး စစ်ဆေးမှုများ တင်းကျပ်ရန်လိုအပ် ကြောင်း စစ်ကောင်စီနှင့်နီးစပ်သော ရှန်နယ်များတွင် သတိပေး ရေးသားမှု
ဦးသန်းစိုးနိုင်က“ အာရက္ခတပ်တော်က
ဒီနေ့အထိဆိုရင် ဂွအထိတောင်ရောက်နေပါပြီ။ ရခိုင်
AA အဖွဲ့အနေဖြင့် ဂွမြို့ကို သိမ်းပိုက် ရရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မြေပြင်သတင်းများ အရ ဂွမြို့အား AA အဖွဲ့က ထိန်းချုပ်ရန် လုပ်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်ဖွယ် ရှိကာ တပ်မတော်အနေဖြင့် ကျိန္တလီမြို့ပြင်ရှိ ကျိန္တလီ-ဂွ သွား ကားလမ်းပေါ်တွင်ရှိသော ရတနာမြိုင်တံတားတွင် ခံစစ်ပြင်တပ်စွဲထား ကြောင်း စစ်ရေးအခြ အနေအပေါ် စောင့် ကြည့်သိရှိသည့် ရခိုင်ဒေသခံအချို့၏ပြော ကြားချက်အရ သိရသည်ဟု Eleven Media Group ကဆိုသည်။
တောင်ကုတ်၊ ကျောက်ဖြူနှင့် အမ်း ဧရိယာများတွင်လည်း AA အဖွဲ့များ ရောက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်း မြို့များကို သိမ်းယူထားခြင်းမရှိသေးသော် လည်း ယင်းဒေသများတွင် အချိန်မရွေး တိုက် ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေရှိ နေကြောင်းလည်း သိရသည်ဟု သို့ရာတွင် AA အဖွဲ့အနေဖြင့် တရုတ် နိုင်ငံ၏ အရေးပါသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းရှိသည့် ကျောက်ဖြူမြို့ တွင်လည်း တိုက်ပွဲဖော်ဆောင်မှုကို သတိ ထားလုပ်ဆောင်နေသည့် အခြေအနေမျိုး တွေ့မြင်ရသည်ဟု ၎င်းက သတင်းဌာနက ဆက်လက် ရေးသားထားသည်။
ထို့ပြင် AA အနေဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်၏ အဓိက စစ်ဌာနချုပ်ဖြစ်သည့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
AA သည် မကွေးတိုင်းဒေသကြီး ငဖဲမြို့ဧရိယာအထိ တိုက်ပွဲများဖော်ဆောင် လျက်ရှိကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး ဧရိယာအတွင်း ၎င်းတို့ လှုပ်ရှား သွားလာမှုပြုလုပ်နေကြေ
ဓာတ်ပုံ-CNI