တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

AA ထိုးစစ်ဆင်နေသည့် နပခကာကင်းများရှိရာ အမ်းမဲတောင်‌ကြောတစ်လျှောက်ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၄

အာရက္ခတပ်တော် ( AA) က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် ကာကင်းများရှိရာ အမ်းမြို့နယ် မဲတောင်တောင်ကြောတစ်လျှောက်ကို စစ်ကောင်စီမှ ယမန်နေ့က ဗုံးကြဲ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ မဲတောင် တောင်ကြောတစ်လျှောက်နှင့် အနီးအနားကျေးရွာများကို ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့ နံနက်က စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အမ်းစစ်ပွဲများကို အနီးကပ်စောင့်ကြည့်နေသူ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောပါတယ်။

" မဲတောင် တောင်ကြော တစ်လျှောက်ကို မနေ့ မနက်က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အနီးအနာ ကျေးရွာက ဒေသခံတွေကတော့ မရှိတော့ဘူး။  ိမ်းရှောင်တဲ့သူက ရှောင်နေကြပြီ။ တိုက်ပွဲကတော့ ပြင်းနေတယ်။ စစ်ကောင်စီဖက်ကလည်းခုခံနေတယ်။"

ယမန်နေ့ ဇူလိုင် ၆ရက်နေ့ သတင်းအရ မဲတောင် ပေါ်ရှိ စစ်ကောင်စီစခန်းများအား အာရက္ခတပ်‌ ထိုးစစ်ဆင်နေပြီး တိုက်ပွဲများမှာ ရက်ဆက်ဖြစ်ပွားနေသည်ဟု ဆိုသည်။ 

" ကာကင်းစခန်း (၅)ခုလုံးကို တပ်တော်က ိုက်ခိုက်နေတာကြာနေပြီ။  အသာစီးရထားတယ်။ မဲတောင်မှာတော့ စစ်ကောင်စီ အင်အား ၃၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ် " ဟု ၎င်းက ပြောသည်။

မဲတောင်ပေါ်ရှိ ကာကင်းစခန်းများသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့များ နေရာယူထားသည့် စခန်းများဖြစ်ပြီး လက်ရှိတွင် နှစ်ဦးနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် အာရက္ခတပ်တော်မှ အသာစီးရနေ၍ မဲတောင်တောင်ကြောတစ်လျှောက်ကို ယခုကဲ့သို့ လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်း အမြစ်များက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွင် စစ်ကောင်စီ၏ တပ်သားများသည် AA၏ထိုးစစ်ကိုခုခံနိုင် ရန်အတွက် ယခင်ထက်ပိုမိုခံစစ်ပြုလုပ်ထားကာပြည်သူများအား သွားလားခွင့်ပိတ်ထား( နပခ) အနီးတွင် သွားလာခွင့်ပိတ်ထားသည်ဟု မြို့ခံများကပြောသည်။

" နပခ အနားကလမ်းတွေကို ပြည်သူတွေကိုသွားလာခွင့်မပြုတော့ဘူး။ သူတို့က သွားလာတဲ့ သူမှန်သမျှကို အေအေလို့ ထင်တဲ့ သံသယနဲ့ ကြောက်လန့်ပြီး ပိတ်ထားတာ" ဟူပြောသည်။

ယင်းအပြင် ဆောက်လုပ်ရေးအင်ဂျင် နီယာတပ် (GE) လက်နက်ကြီး တပ်ဆင် စစ်မြေပြင် အင်ဂျင်နီယာတပ်(BE) ၊ ဆေးတပ်၊ လေကြောင်းကာကွယ်ရေးတပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုများ ရှိနေသည်ဟု သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေမှုများကြောင့် အမ်းမြို့ထဲတွင်ရှိနေသည့် မြို့သူမြို့သားများ စားဝတ်နေရေး ကျပ်တည်းကာ၊ ဆေးဝါးပြတ်လပ်နေပြီး  လမ်းသွားလမ်းလာပိတ်ပင်ခြင်းခံနေရသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ