- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊
နိရဉ္စရာ၊ဩဂုတ် ၁၄ /၂၀၂၄
ရခိုင်ပြည်၊
မောင်တောမြို့တွင် အာရက္ခတပ်တော် (AA)တပ်များ
ပိတ်ဆို့ဝိုင်းရံထားသည့် စစ်ကောင်စီ၏တစ်ခုတည်းသောလက်ကျ
သတင်းရင်းမြစ်တစ်ဦးက "နခခ(၅)ကို အာရက္ခတပ်တော်ဘက်က အလံဖြူထောင်ပြီး
လက်နက်ချခိုင်းထားတယ်လို့ သိရတယ်။ နခခ(၅)က
ဘယ်ကိုမှထွက်လို့မရတော့ဘူး။ AA ဘက်ကပိတ်ဆို့ဝိုင်းရံထားပြီးပြီ
မောင်တောနခခ(၅)အနီးရှိ
အကြီးဆုံးကာကင်းစခန်းဖြစ်သည့် ခရိုင်တရားရုံးအပါအဝင် ကာကင်းစခန်း
၁၀ ကျော်အား AA က
သိမ်းပိုက်ပြီးနောက် နခခ(၅)ကို AA က
ပိတ်ဆို့ထားခြင်းလည်းဖြစ်သည်။
လက်ရှိတွင်
မောင်တောမြို့ပေါ်သို့ စစ်တပ်ခိုလှုံနေသည့် နေရာများအား AA က ဒရုန်းများဖြင့်
ဗုံးချတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း
မြို့ပေါ်အား လေယာဉ်များ၊ ဒရုန်းများ၊ ရေတပ်နေဗီများဖြင့် ခုခံတိုက်ခိုက်လျက်ရှိနေသဖြင့် တိုက်ပွဲပြင်းထန်စွာ
ဖြစ်နေကြောင်း အဆိုပါ သတင်းရင်းမြစ်ကပြောဆိုသည်။
"မြို့ပေါ်မှာ AA နဲ့ စစ်တပ် တစ်ဖက်နဲ့ တစ်ဖက် ဒရုန်းတွေနဲ့
ဗုံးချပြီး တိုက်နေကြတယ်။ ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းကလည်း
မြို့ပေါ်ကိုလက်နက်ကြီးတွေပစ်နေ
မောင်တောမြို့သို့ နယ်မြေအသီသီးမှ တပ်ဆုတ်ပြီး ရောက်ရှိနေကြသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၀၀
ကျော်သည် မော်တော်ဘုတ်အစီး ၂၀ ကျော်ဖြင့် သြဂုတ်လ
၁၃ ရက်တွင် အငူမော် ပင်လယ်၀တွင် ရပ်နားသို့ စစ်ရေယာဉ်များသို့ ထွက်ပြေးသွားခဲ့ကြပြီး
လက်
ကျန်နယ်ခြားစောင့်တပ်များနှင့်
စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA ထိုးစစ်အား
ခုခံလျက်ရှိနေကြသည်ဟု သိရသည်။