စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

AA ကို NCAတွင် ပါဝင်ရန်ပြောဆိုမှုသည် လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးကွဲစေရန် ရည်ရွယ်ခြင်းဟု NUG ဆို


  • ရေးသူ: Web Master (NN 15)
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရက္ခိုင့်တပ်တော် (AA)ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)ထဲတွင် ပါဝင်ရန် လိုအပ်သည်ဟုပြောဆိုမှုမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား သွေးကွဲအောင် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောမှ နိရဥ္စရာ သတင်းဌာနကို ပြောဆိုသည်။

 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်  NCA ထဲ ပါဝင်ရန အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်ခဲ့သည့ NCA () နှစ်ပြည့်အခမ်းအနားပွဲတွင် ပြောဆိုခဲ့ပြီးနောက် ရက္ခိုင့်တပ်တော်(AA) သည်လည်း NCA ထဲတွင်ပါဝင်ရန်လိုအပ်ကြောင်း ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနအား ပြောကြားခဲ့သည်။

 

ဦးကျော်ဇော က စစ်တပ်ကအာဏာသိမ်းတဲ့ အချိန်မှာ NCA ဆိုတာမရှိတော့ဘူးစစ်တပ်က လိုက်နာမှုမရှိဘူး သူကနိုင်ငံတော် အစိုးရလည်းမဟုတ် ွှတ်တော်လည်းမဟုတ် သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူးလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအထဲမှာ မြေပြင်မှာအင်အားကြီးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲတွေ အများစုမပါဘူးAA တို့လည်းမပါဘူး ကျွန်တော်တို့ အင်အားစုတွေကြား ထဲမှာသွေးကွဲအောင်၊ တိုင်းရင်းသားအဖွဲ့တွေ ကြားထဲမှာ သွေးကွဲအောင် လုပ်ဖို့ကြိုးစားနေတယ် အဲ့ဒါကို သတိကြီးကြီးထားပြီးတော့ လုပ်ရမယ်ဟု ပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား သွေးကွဲအောင် ရန်တိုက်ပေးသည့် နည်းဗျူဟာကို သုံးနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သဘောထားမမှန်မှုကို သိရှိနားလည်ထားပြီဖြစ်သဖြင့် သူတို့ ချမှတ်ထားသော မူဝါဒလမ်းစဉ် အတိုင်း ဆက်လက် လျှောက်လှမ်းမည်ကို ယုံကြည်သည်ဟု ၎င်းက ပြောကြားသည်။

 

တော်လှန်ရေးအင်အားစုတွေကြားထဲ သွေးကွဲအောင်လုပ်လိုတဲ့အပြင် ကိုယ့်တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားထဲမှာလည်း သွေးကွဲအောင် ရန်တိုက်တဲ့အနေအထားနဲ့ အသုံးချဖို့ ကြိုးစားတဲ့ အနေအထားကို တွေ့ရတယ်ပေါ့နော်..... ‌‌ဒေါက်တာအေးမောင်တို့က။ ဒါပေမယ့်  အင်အားကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်တပ်ရဲ့ အနေအထားနဲ့ မရိုးသားတဲ့ သဘောထားကို သိပြီးသားဆိုတော့ NCA လမ်းကြောင်းမှာ ပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူး ကိုယ့်ရဲ့ချမှတ်ထားတဲ့ ပေါ်လစီ မူဝါဒ လမ်းကြောင်း အတိုင်းဘဲ ဆက်လက်စွဲကိုင် တိုက်ပွဲဝင်သွားမယ် ဆိုတာ အလေးအနက် ယုံကြည်ပါတယ်ဟု ပြောသည်။



 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  သည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ( ULA/AA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးနှင့် ထိတွေ့ ဆက်ဆံ ဆောင်ရွက်နေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း  စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် တိုင်းရင်းသားများတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရရှိရေးတို့ အတွက် တိုက်ပွဲဝင်လျက် ရှိကြောင်းလည်း ဦးကျော်ဇောကပြောသည်။

 

 ULA/AA အပါ အဝင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံအား ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အဖြစ် တည်ဆောက်ရန် တိုက်ပွဲဝင်လျက်ရှိပြီး စစ်အာဏာရှင်စနစအမြစ်ပြုတ်မှသာလျှင် စစ်မှန်သော ဒီမိုကရေစီကို ရရှိနိုင်မည်ကို ယုံကြည်ထားသည့် အတွက် ဘုံရန်သူ စစ်အာဏာရှင်ကို အတူတကွ လက်တွဲ တိုက်ပွဲ ဝင်နေကြခြင်း ဖြစ်ကြောင်းလည်း  သူကဆက်ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ULA/AA သည်အုပ်ချုပ်ရေး တရားစီရင်ရေးတို့အား ဖော်ဆောင်နေသကဲ့သို့ ချင်းပြည်နယ် တွင်လည်း ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ  ချင်းပြည်နယ် ကြားဖြတ်အစိုးရ တစ်ရပ် တည်ဆောက်ရန် ကြိုးစားနေသောကြောင့်  အင်မတန် အားရစရာ ကောင်းနေကြောင်းလည်း ၎င်းက ပြောဆိုသည်။

 

ဖက်ဒရယ် ဒီမိုကရေစီစနစ်မှာဆိုရင် ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေရှိတယ်ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် တွေရှိတယ်။ အာဏာကို ခွဲဝေကျင့်သုံးလို့တယ်။ တရားစီရင်ရေးတို့မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ ရှိတာပေါ့။ ဖက်ဒရယ် ဒီမိုကရေစီ လုပ်ငန်းစဉ်အရ လုပ်ဆောင်ရမယ့်အပိုင်းတွေမှာ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ဟု သူကပြောသည်။

 

NUG သည် PDF တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်ဒေသများတွင် တရားစီရင်ရေးများ အုပ်ချုပ်ရေး ကဏ္ဌများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။

 

 ဒေါက်တာအေးမောင် AA နှင့် ပတ်သက်ပြီး ပြောဆိုရာတွင် AA အနေဖြင့် က်နက်ကိုင်ရသည့်  မော်ဒန်လေးများ ရှိနိုင်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး သမိုင်းရှည်ကြာသည်နှင့်အမျှ လူထုသည် ယုံကြည်မှု လျှော့ကျ လာနိုင်ကြောင်း၊ တော်လှန်ရေး ဆိုသည်မှာ အချိန်တိုတိုအတွင်း ပန်းတိုင်းသို့ ရောက်သွားပါက အောင်မြင်ကြောင်းလည်း ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA) သည် လက်ရှိတွင် လက်နက်ကိုင်အင်အားသုံးသောင်းကျော်အထိ ရှိနေပြီး ရခိုင်ပြည်နယ် အတွင်း မြို့ပေါ်နေရာများမှအပ ပြည်နယ်၏ နယ်မြေ ၆၀ ရာနူန်းကို ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး၊ တရားစီရင်များကို ခိုင်မာအောင်လုပ်ဆောင်လျက် ရှိနေကြောင်း သိရှိရသည်။ NN-15

ဆက်စပ် သတင်းများ