သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်-သံတွဲ လိုင်းကားတစ်စီးတိမ်းမှောက်၍ ခရီးသည်အမျိုးသမီးတစ်ဦးသေ၊လူနှစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂ဝ၂ဝ

တောင်ကုတ်-သံတွဲကားလမ်း တွင် ယနေ့ညနေ ၅နာရီခွဲခန့်တွင် လူစီးလိုင်းကား တစ်စီး တိမ်းမှောက်သွားခဲ့သဖြင့် ခရီးသည်အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦးဒဏ်ရာ ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ တောင်ကုတ်မြို့နယ် လယ်ဖားကျေးရွာမှ  ဒေါ်မခိုင်လေး(၃ဝ)နှစ် ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သူနှစ်ဦးမှာ သေဆုံးသူ အမျိုးသမီး၏ အမျိုးသားဖြစ်သူ ဦးကျော်သိန်းနှင့် သံတွဲမြို့နယ် ရွှေလှေကျေးရွာမှ ဦးမောင်သောင်း (၅၇)နှစ် တို့ဖြစ်ကြသည်။

"ကားက တောင်ကုန်းတက်တဲ့ဟာမှာ စက်ရပ်သွားပြီး နောက်ပြန်ဆင်းတာမှာ သေဆုံးသူ အမျိုးသမီးက ပြုတ်ကျပြီး ကားဘီးအောက်ညှပ်ပါသွားတာပါ။ သူ့အမျိုးသားနဲ့ နောက်တစ်ဦး ကတော့ ဒဏ်ရာရသွားကြပါတယ်။ ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိဘူး။ တောင်ကုတ် ဆေးရုံမှာတင်ထားပါတယ်" ဟု တောင်ကုတ်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးမှ ဒုရဲအုပ်ဖြိုးမင်းဌေးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

၎င်းယာဉ်သည် တောင်ကုတ်မှ သံတွဲသို့ထွက်ခွာလာရာ တောင်ကုတ်မြို့နှင် ၂မိုင်ခန့်အကွာ ဖုံညိုကျေးရွာတောင်ကုန်းအတက်တွင် စက်ရပ်၍ နောက်ပြန်လှိမ့်ဆင်းကာ မြောင်းဘေးသို့ ထိုးဆင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

" ကားသမားကိုတော့ တောင်ကုတ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်"ဟု ဒုရဲအုပ်ဖြိုးမင်းဌေးက ပြောသည်။

ကားဒရိုင်ဘာဖြစ်သူဦးကျော်လင်းထွန်းအား တောင်ကုတ်မြို့မရဲစခန်းတွင် ပုဒ်မ ၃ဝ၄(က) /၃၃၇ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။

------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂/၂ဝ၂ဝ









ဆက်စပ် သတင်းများ