- Web Master
- ၀၄ မေ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ စက်တင်ဘာ ၂ဝ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ အမ်းပြည်သူ့ဆေးရုံတွင် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၁၁ နာရီအချိန်တွင် သံသယဖြင့် သေဆုံးသွားသော အမျိုးသမီးတွင် ကိုဗစ်ပိုးမတွေ့ရှိရကြောင်း အမ်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုးက ပြောသည်။
အမ်းမြို့နယ်၊ တပ်တောင်မြို့မှ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ၄င်းမှာ ရုတ်တရက်ဖျားနာလာပြီး အဆုတ်ရောင်ခြင်းအစရှိသော ရောဂါဖြင့် အမ်းမြို့ဆေးရုံသို့ ပို့ဆောင်ပြီး နာရီပိုင်းအတွင်း သေဆုံး သွားခဲ့သဖြင့် ကိုဗစ်သံသယ လူနာအဖြစ်သတ်မှတ်ကာ ချက်ချင်း သင်္ဂြိုလ်ခဲ့သည်။
သူမ၏ နှာခေါင်း၊လည်ချောင်းတို့ဖတ်များကို စစ်ဆေးရန် ရန်ကုန်သို့ ပို့ဆောင်ခဲ့ရာ သူမတွင် ရောဂါပိုး မတွေ့့ရှိကြောင်း ဒေါက်တာအောင်ကျော်မိုးက ပြောသည်။
မြန်မာနိုင်ငံအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့ရှိသူ ၃၉၃ ဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ပိုးတွေ့သူ ၅၂၆၃ ဦးရှိသွားခဲ့ပြီဖြစ်သည်။ ပိုးမတွေ့၍ ဆေးရုံမှဆင်းခွင့်ရသူ ၁၁၈၈ ဦးနှင့် သေဆုံးသူ ၈၁ ဦးရှိကြောင်း သိရှိရသည်။