ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စက်တင်ဘာ ၂ဝရက် စစ်တွေဆေးရုံမှ ၅ဝ ဦးဆင်းခွင့်ရ၊ ည၅နာရီခွဲထုတ်ပြန်ချက်အရ ရခိုင်တွင်နောက်ထပ် ၂၆ ဦးပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၂ဝ/၂ဝ၂ဝ

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ ယနေ့တွင် ပိုးကင်းစင်သွား၍ ပြန်လည်သက်သာလာသူ ၅ဝဦး ဆေးရုံမှ ဆင်းခွင့်ရသွားပြီဟု သိရသည်။

ယနေ့ ဆင်းခွင့်ရသူမှာ ၅ဝ ရှိသဖြင့် စစ်တွေဆေးရုံကြီးမှ ဆင်းခွင့် ရသွားသူမှာ စုစုပေါင်း ၃၃၄ ဦးရှိသွားပြီဖြစ်သည်။  ယနေ့ ညနေ ၅ နာရီခွဲက ထုတ်ပြန်ချက်တွင် စစ်တွေတွင် နောက်ထပ် ၁ဝ ဦးတိုးသဖြင့် စစ်တွေဆေးရုံကြီးတွင် လက်ရှိ ရောဂါပိုးတွေ့သူ ၁၉၅ ဦး ကျန်ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် စက်တင်ဘာ ၂ဝ ရက်နေ့ ည ၈ နာရီကျော်ထိ စုစုပေါင်း ကူးစက်ခံရသူမှာ ၉၅၉ ဦးရှိပြီး ရခိုင်တစ်ပြည်နယ်လုံးအနေဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူမှာ ၅၂၃ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့စက်တင်ဘာ ၂ဝ ရက်နေ့ ည ၅ နာရီ မိနစ် ၃ဝ အချိန် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ၂၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ ၎င်းတို့မှာ  စစ်တွေမြို့နယ်မှ ၁ဝ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ဝ ဦး၊ ကျောက်ဖြူမြို့နယ် ၅ ဦးနှင့် အမ်းမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြသည်။

ယနေ့ ၅ နာရီ မိနစ် ၃ဝ အချိန် ထုတ်ပြန်ချက်အရ မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် ပိုးတွေ့ရှိသူ ၆၄၂ ဦး ရှိပြီး ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၅၃၅ ယောက် ပါဝင်သည်။

ယနေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၅၅၄၁ ဦး၊ ပိုးတွေ့သေဆုံးလူနာ ၉၂ ဦး၊ စောင့်ကြည့်လူနာ ၁ဝ၇၁၈ ဦး၊ ပြန်လည်သက်သာ၍ ဆေးရုံက ဆင်းခွင့်ရသူ ၁၂၆ဝ ဦးရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ