ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာမူဆလင်ဒုက္ခသည်စခန်း ၅ ခုကို ၁၂ရက်ကြာ လော့ဒေါင်းချ၊ ကိုဗစ် ၁၉ နှင့်သေဆုံးသူ ဒုက္ခသည်၁၃ ဦးထိရှိပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

နိရဉ္စရာ၊ မေ ၂၁/၂၀၂၁

 

မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ်၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မူဆလင်ဒုက္ခသည် စခန်းများတွင် ကိုဗစ်- ၁၉ ဖြစ်ပွားမှုတိုးမြှင့်လာသဖြင့် စခန်း ၅ ခုကို ၁၂ ရက်ကြာ လော့ဒေါင်းချလိုက်ကြောင်း ယနေ့ထုတ် အိုကီးယား အွင်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ၁၂ ရက်ကြာ လော့ဒေါင်းချလိုက်ခြင်းကို ကော့စ်ဘဇား ဒုက္ခသည် ကူညီထောက်ပံ့ရေးနှင့် ပြန်ပို့ရေး ကော်မရှင်ရုံး ( RRRC) အတည်ပြုကြောင်း သတင်းတွင် ဖော်ပြထားသည်။

မေ ၁၉ ရက်နေ့က ပြုလုပ်သည့် ကော့စ်ဘဇားခရိုင် ကိုဗစ် တားဆီးကာကွယ်ရေး ကော်မတီ အွင်လိုင်း အစည်းအဝေးတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးလာ၍ ဒုက္ခသည် စခန်းတချို့ကို လော့ဒေါင်းချရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

၎င်းအစည်းအဝေးတွင် ကော့စ်ဘဇားခရိုင် ကိုဗစ် တားဆီးကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ  Helaluddin Ahmed သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါနေ့တွင်ပင် ကော့စ်ဘဇား ဒုက္ခသည် ကူညီထောက်ပံ့ရေးနှင့် ပြန်ပို့ရေး ကော်မရှင်ရုံး ( RRRC) ကလည်း နောက်ထပ် သီးခြားအစည်းအဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။

ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နှင့် တက်ကနက် မြို့နယ်တွင် မူဆလင် ဒုက္ခသည်စခန်း ၃၄ ခုရှိပြီး ထိုအထဲမှ ကိုဗစ် ၁၉ အများဆုံးတွေ့ရှိရာ စခန်း ၅ ကို ပထမဆုံး လော့ဒေါင်းချရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

မေ ၂၁ ရက်နေ့ထိ ဒုက္ခသည် စခန်း ၃၄ ခုမှ ဒုက္ခသည်ပေါင်း ၄၁၀၄၆ ဦးကို စစ်ဆေးခဲ့ရာ ၉၁၃ ဦးမှာ  ရောဂါပိုး (Positive)  တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် အိုကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ၆၄၀ ဦးနှင့် တက်ကနက်မြို့နယ်ရှိ စခန်းများမှ ၁၆၃ ဦး ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။

ကိုဗစ်ကြောင့် ဒုက္ခသည်စခန်းများတွင် သေဆုံးသူမှာ ၁၃ ဦးရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ လွန်ခဲ့သော မေ ၁၄ ရက်မှ ၂၁ ရက်နေ့ထိ တစ်ပတ်အတွင်း ၁၇၅ ဦးတွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့ပြီး (မေ ၁၉ ရက်နှင့် ၂၀ ရက်) ၂ ရက်အတွင်း အများဆုံးတွေရှိခဲ့ပြီး ၄၅ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

လော့ဒေါင်းချသည့် ၁၂ ရက်အတွင်း အရေးပေါ် ကိစ္စရပ်များမှ အပ အပြင် ဝင်ထွက်ခွင့်ကို ပိတ်ထားမည့်ဖြစ်ကြောင်း၊ စခန်းပြင်ပသို့ ထွက်ခွာခွင့်နှင့် စခန်းထဲသို့ ဝင်ခွင့်ကို ပိတ်ထားမည်ဖြစ်ကြောင်း၊ အန်ဂျီအိုများကိုလည်း အစားအစာနှင့် ဆေးဝါးထောက်ပံ့ရေးမှ အပ ဝင်ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းပြင် နိုင်ငံတကာ အန်ဂျီအိုနှင့် ယူအန်၏ ဒုက္ခသည်ဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ရပ်ဆိုင်းထားမည်ဟု ဆိုသည်။

ကုလသမဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (  UNHCR) အနေဖြင့်လည်း ဒုက္ခသည်စခန်းများတွင် ကိုဗစ်-၁၉ ဖြစ်ပွားနှုန်း တိုးပွားလာ၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

UNHCR ၏ ထုတ်ပြန်ချက်ထဲတွင် အခြေအနေကို အလျင်အမြန် မထိန်းသိမ်းနိုင်ပါ ရောဂါဖြစ်ပွားမှုမှာ ကျယ်ပြန့်သွားနိုင်သည်ဟု ဆိုထားသည်။

 

(5 Refugee camps in Ukhia locked down for 12 days)

ဆက်စပ် သတင်းများ