သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တရုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၈၀၀၀) ရခိုင်သို့ ရောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

ထက်အောင်

နိရဥ္စရာ၊ ဇွန် ၈ / ၂ဝ၂၁

တရုတ်နိုင်ငံထုတ် (Sinopharm Biotech) ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ (၈၀၀၀) ရခိုင်ပြည်နယ်သို့ရောက်ရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုရောက်ရှိနေသည့် ဆေးအလုံးရေ(၈၀၀၀) အား လူပေါင်း (၄၀၀၀) တိတိကို တစ်ကြိမ်တွင် ကာကွယ်ဆေးတစ်လုံးကျနှင့် (၂) ကြိမ်ထိုးနှံသွားမည်ဖြစ်သော်လည်း စတင်ထိုးနှံပေးမည့် ရက်ကိုမသိရသေးကြောင်း ရခိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ဒီတရုတ်ကာကွယ်ဆေးကိုကတော့ သက်ဆိုင်ရာလူကြီးတွေကို စိစစ်တင်ပြပြီးတော့မှပဲ ထိုးနှံဖို့ စီစဉ်ထားတာပေါ့။ လူတစ်ယောက်ကို နှစ်ကြိမ်ထိုးရမယ်။ အလုံးရေက (၈၀၀၀) ဆိုတော့ လူဦးရေ (၄၀၀၀) အတွက်ပဲ ရမှာပေါ့။ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (COVISHIELD)အမည်ရှိ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ရခိုင်ပြည်နယ်အတွင်း လူဦးရေပေါင်း ၁၀၁,၀၀၀ ကျော်အား ဇွန်လ ၄ ရက်နေ့အထိထိုးနှံခဲ့ပြီး ဆေးအလုံးရေ (၁၉,၂၀၀) ကျော် အသုံးပြုခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (COVISHIELD)ကာကွယ်ဆေးကို ရောဂါကူးစက်နိုင်ခြေရှိသည့်လူအုပ်စုများကို ထိုးနှံပေးခဲ့သော်လည်း ယခုတရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကိုမူ မည်သည့်အုပ်စုကိုထိုးနှံပေးမည်ဆိုသည်မှာ လောလောဆယ် မသိရသေးဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ဆက်စပ် သတင်းများ