သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်မှနယ်စပ်ဖြတ်ကျော်ခိုးဝင်လာသူတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၁/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသူတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိသည်။
ယမန်နေ့ဇွန်လ ၁၁ ရက်နေ့တွင် တွေ့ရှိခြင်းဖြစ်ပြီး ၎င်းကိုဗစ်-၁၉ အတည်ပြု လူနာမှာ အသက်(၃ဝ) ကျော် အရွယ် မာမတ်တော်ယုတ် ဆိုသူဖြစ်ကြောင်း မောင်တောမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီဇံ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“သူကအရင်ကနေခဲ့တာက ရေခပ်ချောင်းခွဆုံကပါ။အခုက ဘင်္ဂလာဖက်ကလာတာပါ။ ခိုးဝင်တာလို့ ပြောတယ်။ ခြံစည်းရေးကို ကျော်ဝင်တာလို့ပြောပါတယ်။ သူ့ကိုဖမ်းမိလို့စစ်တဲ့အခါမှာတွေ့တာပါ။ အသက်က သုံးဆယ်ကျော်လောက်ရှိတယ်” ဟုပြောသည်။
၄င်းလူနာအား မောင်တောမြို့ဆးရုံကြီးတွင် ဆေးကုသမှုခံယူစေရန်ပို့ဆောင်ထားကြောင်း သူမက ဆက်ပြောသည်။
မောင်တောမြို့နယ်ဒုမြို့နယ်စီမံအုပ်ချုပ်ရေးမှူးအား မေးမြန်းရာတွင် “ နာမည်က မာမတ်တော်ယုတ်တဲ့။ မာမတ်တော်ယုတ်ဆိုမှတော့ ဘင်္ဂလီပေါ့။ ဘယ်ကလာတယ်ဆိုတာက ကျွန်တော်လည်း အလွတ်မရဘူး။ ပြန်ကြည့်ပေးမယ်။ လမ်းကိုရောက်နေလို့ပါ”ဟုပြောဆိုကာဖုန်းချသွားခဲ့သည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းများ ပြန်လည်ခိုးဝင်နေထိုင်မှုများရှိနေကြောင်း ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသလို ဘင်္ဂလာဒေ့ရှ် ဒေသအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော Ukhiya News တွင်လည်း ကော့စ်ဘဇားခရိုင်ရှိ မူဆလင်ဒုက္ခသည်စခန်းများကို စွန့်ခွာ၍ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်သွားသူများ ရှိနေကြောင်း များမကြာမီက သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။
၎င်းအပြင် ဒုက္ခသည် စခန်းများတွင် ကိုဗစ်ဖြစ်ပွားမှုများရှိနေ၍ အနည်းဆုံး စခန်း(၈) ခုကို လော့ဒေါင်းချကာ အသွားအလာပိတ်ထားသည်ဟုလည်း ဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။

ဆက်စပ် သတင်းများ