ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် အသက် ၅၅ နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေး စထိုးတော့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

သျှင်မင်းဇံ

နိရဥ္စရာ၊ စက်တင်ဘာ ၁၄/ ၂၀၂၁

ရခိုင်ပြည်နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများအား ကိုဗစ်ကာကွယ်ဆေ စတင်ထိုးနှံပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုးပေးမည့် ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinopharm ဖြစ်ပြီး ယင်းဆေးများမှာ စက်တင်ဘာ ၁၄ ရက်တွင် ရခိုင်သို့ရောက်ရှိနေပြီဟု ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ယနေ့ရောက်ရှိလာသည့် Sinopharm  ဆေးလုံးရေမှာ ၁ သောင်းနှင့် ၈ ထောင်ဟု သိရသည်။

ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဒေါက်တာစိုးဝင်းပိုင်က ကာကွယ်ဆေးကို ဘယ်နေ့မှာ ထိုးမယ်ဆိုတာကို မသိသေးဘူး။ ထိုးမှာက ယခင်ထိုးပေးခဲ့တဲ့ အသက် ၆၅ နှစ်အထက်ရှိသူတွေ အထဲက ကျန်နေတဲ့သူတွေကို ထိုးပေးမယ်။ ပီးရင်  ၅၅ နှစ်နှင့် ၆၅ နှစ်ကြားရှိသူတွေ၊ မသန်စွမ်းတွေ၊ နာတာရှည် ရောဂါ အခံရှိသူတွေနဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကို ဦးစားပေးထိုးပေးမယ်ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို သြဂုတ်လအစောပိုင်းက စတင်ထိုးနှံပေးထားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ယခုနှစ် ဇန်နဝါရီလမှစတင်ထိုးနှံပေးခဲ့ပြီဟု သိရသည်။

တရုတ်နိုင်ငံထုတ် Sinovic အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃ သောင်းကိုမူ ရခိုင်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် အသက် ၆၅ နှစ်အထက်ရှိသူများအား သြဂုတ်လ ၃ဝ ရက်မှစတင်ထိုးနှံပေးခဲ့ပြီဖြစ်သည်။

အလားတူ Sinovic အလုံးရေ ၂ သောင်းကိုလည်း စစ်တွေမြို့နယ်အပါအဝင် အခြားမြို့နယ်များရှိ IDP စခန်းများမှ မူဆလင် ၂ သောင်းကို သြဂုတ်လ ၂၈ ရက်မှစတင်ကာ ထိုးပေးခဲ့ပြီဟု သိရသည်။

ဆက်စပ် သတင်းများ