ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

လာမည့်ဆောင်းရာသီ ဥရောပ၌ ကိုဗစ်ကြောင့် လူ ၇သိန်းထပ်မံသေဆုံးဖွယ်ရှိဟု WHOဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ နိုဝင်ဘာ၂၄(Htay Oung/နိုင်ငံတကာ)

ဥရောပအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲဖြစ်သော်လည်း လက်ရှိ ကပ်ရောဂါ ဖြစ်ပွားမှုလမ်းကြောင်းအတိုင်း ဆက်လက်တည်ရှိနေပါက ယခုဆောင်းရာသီကာလ အတွင်း တိုက်ကြီးတစ်ခုလုံးတွင် နောက်ထပ် ေဆုံးသူ ၇ သိန်း ထပ်မံ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အင်္ဂါနေ့တွင် သတိပေးလိုက်သည်ဟု AFP က ယနေ့ ရေးသားသည်။

လာမည့် လများအတွင်း လူပေါင်း ၇-သိန်းခန့် ထပ်မံသေဆုံးနိုင်ကြောင်း WHO ၏ ပြောဆိုချက်မှာ ဥရောပတစ်လွှားတွင် ရောဂါဖြစ်ပွားမှုများ တိုးမြင့်လာသဖြင့် ရောဂါတားဆီးကာကွယ်ရေးအတွက် တင်းကျပ်သော ကန့်သတ်ချက်များကို ပြန်လည်ပြဌာန်းရန် နိုင်ငံအချို့အား စေ့ဆော်ပေးလျှက် ရှိနေသည်။

ယခုအချိန်မှ စတင်၍ ၂၀၂၂-ခုနှစ် မတ်လ-၁ ရက်နေ့ အကြား ဥရောပ ၅၃ နိုင်ငံအနက် ၄၉ နိုင်ငံရှိ အထူးကြပ်မတ်ကုသဆောင်များ (ICUs) တွင် မြင့်မား သို့မဟုတ် အလွန်အမင်း ဖိစီးသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု WHO က မျှော်လင့်သည်။

လောလောဆယ် ဥရောပတွင် လူ ၁ ဒဿမ ၅ သန်း သေဆုံးပြီးဖြစ်သော ဥရောပ၌ နောက်နှစ်နွေဦး ရာသီ အရောက်တွင် သေဆုံးမှု ပေါင်း ၂ ဒဿမ ၂ သန်းကျော်အထိ တိုးမြင့်လာဖွယ်ရှိကြောင်း၊ Covid-19 ရောဂါသည် ဥရောပနှင့် ဗဟိုအာရှဒေသတွင် သေဆုံကြရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေကြောင်း WHO ကျန်းမာရေး တိုင်းတာမှုနှင့် အကဲဖြတ်မှုဆိုင်ရာ အင်စတီကျုဒ်မှ ကိန်းဂဏန်းများကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။

ဥရောပ၌ ကပ်ရောဂါကျရောက်မှု မြင့်တက်လာရခြင်းမှာ ဖြစ်ပွားမှု အလွန်လျှင်မြန်သည့် ဒဲလ်တာဗီဇပြောင်း မျိုးကွဲကူးစက်ခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု လစ်ဟာခြင်းနှင့် Mask မျက်နှာဖုံးဝတ်ဆင်ခြင်း/ လူချင်းနီးကပ်မှု ကန့်သတ်ခြင်းကဲ့သို့ ကာကွယ်တားဆီးရေးအစီအမံများအား ဖြေလျှော့ပေးခြင်းတို့ ပေါင်းစပ်ပါဝင်၍ ဖြစ်ကြောင်း WHO က ရှင်းပြထားသည်။

ကိုဗစ်နှင့် ဆက်နွှယ်သော သေဆုံးမှုသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တစ်နေ့လျှင် ၄,၂၀၀ နီးပါးအထိ တိုးမြင့်လာခဲ့ပြီး လွန်ခဲ့သည့် စက်တင်ဘာလကုန်၌ တစ်ရက်တာအတွင်း သေဆုံးသူ ၂,၁၀၀ ၏ ၂-ဆ ဖြစ်လာခဲ့သည်။

ကူးစက်ရောဂါကို ကာကွယ်ဆေးဖြင့်ဟန့်တားမှု ကျဆင်းခြင်းနှင့် အပြင်းစား ရောဂါဖြစ်ပွားမှု တိုးမြင့်လာသည့် အထောက်အထားများမှာ များပြားလာနေကြောင်း၊

ဥရောပနှင့် ဗဟိုအာရှဒေသတစ်ခွင်၌ Covid-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ အလွန်ဆိုးရွားလျှက်ရှိရာ လာမည့် ဆောင်းရာသီတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း WHO ၏ ဥရောပဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကာကွယ်ဆေး ထိုးနှံမှုတွင် Mask မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ လူချင်းနီးကပ်မှု ကန့်သတ်ခြင်း၊ လက်ဆေးခြင်းတို့ပါဝင်သော " Vaccine_plus" “ ကာကွယ်ဆေးနှင့်အပေါင်း နည်းလမ်းဖြင့် ချဉ်းကပ်ရန် WHO က တောင်းဆိုထားသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ Mask မျက်နှာဖုံးအသုံးပြုခြင်းများသည် Covid ဖြစ်ပွားမှုကို ၅၃ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိရပြီး ကမ္ဘာ့တစ်ဝှန်းလုံး မျက်နှာဖုံးဝတ်ဆင်ခြင်း လွှမ်းခြုံမှု ၉၅ ရာခိုင်နှုန်း အောင်မြင်ပါက မတ်လ ၁ ရက်အရောက်တွင် သေဆုံးသူ ၁၆၀,၀၀၀ ကျော်ကို ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း WHO ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။

(AFP.,23 November 2021,” WHO fears 700,000 more Covid deaths in Europe” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

ဆက်စပ် သတင်းများ