အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

COVID-19 ကြိုတင်ကာကွယ်ရေး စစ်တွေမြို့တွင် လူမှုအဖွဲ့အစည်းများမှ အသိပညာပေး လူပ်ရှားမှု ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

နီမင်းထွန်း

နိရဥ္စရာ၊ မတ်လ ၂၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိိုရိုနာ ဗိုင်းရပ်စ် COVID 19 ကြိုတင်ကာကွယ်ရေးအတွက် လူမှုအဖွဲ့အစည်းများက အသိပညာပေးရေး လူပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ရခိုင်မျိုးနွယ်များအစည်းအရုံး(REC)က စာရွက်စာတန်းများ ဖြန့်ဝေ၍၎င်း ညနေပိုင်းတွင် ရခိုင်လူယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ ဦးဆောင်၍ အသိပညာပေး လုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

ရခိုင်မျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်းက “ကျနော်တို့က COVID 19 ကြိုတင် ကာကွယ်ရေး အစီအစဉ်အဖြစ် အခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီးဆောင်ရွက်နေတယ်။ အများအားဖြင့်တော့ စစ်ဘေးရှောင်စခန်းတွေ၊ ပြီးတော့ မြို့ပေါ်တွေမှာလည်း အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်တွေ ပေးတာတွေလုပ်တယ်။ ရခိုင်ပြည်နယ်အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့အတွက် ခုလို အသိပညာပေး လူပ်ရှားမှုကို ပြုလုပ်ရတာ ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစစ်ဆေးချက်များမပြုလုပ်ဘဲ နိုင်ငံခြားမှ ပြန်လာသူများကိုလည်း တွေ့ရှိရသောကြောင့် အလွန်ပင်စိုးရိမ်မိသည်ဟု ၄င်းကဆက်ပြောသည်။

ရခိုင်လူယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတွင် ကူညီပါဝင်ပေးသူ မနန္ဒာထွေးအောင်က “ကျမတို့ ရခိုင်ပြည်နယ်မှာက ကျန်းမာရေးအသိပညာတွေအားနည်းတယ်။ အဓိကတော့ ကာကွယ်ဖို့လိုတာပေါ့။ အဲဒါကြောင့် ပါဝင်ကူညီပေးနေတာဖြစ်တယ်။ ကာကွယ်ဖို့အတွက်က လူထူထပ်တဲ့နေရာတွေမသွားဖို့၊ လက်ဆေးဖို့ လိုအပ်တာနဲ့ကျန်းမာရေးဌာနတွေက ထုတ်ပြန်ချက်တွေကိုလိုက်နာဖို့လိုတယ်။ ရခိုင်က လူငယ်တွေ ဒီလိုလုပ်ငန်းစဉ်တွေမှာ အကုန်လုံးပါဝင်ဆောင်ရွက်သင့်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

တရုတ်နိုင်ငံဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(ခေါ်) COVID 19 သည် ကမ္ဘာအနှံသို့ ကူးစက်ပြန့်ပွားနေပြီး ယနေ့ မတ်လ ၂၆ ရက် ညနေ ၄ နာရီ အချိန်ထိ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ ၄၈ဝ၄၄၆ဦး၊ သေဆုံးသ ၂၁၅၇၁ ဦး နှင့် ပြန်လည်ကောငး်မွန်လာသူ ၁၁၅၈၅ဝ ဦးရှိကြောင်း Johns Hopkins CSSE စာရင်းအရသိရသည်။

မြန်မာနိုင်ငံအတွင်းတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေရှိသူ (၃)ဦး၊ သံသယလူနာ ၂ ဦးနှင့် စောင့်ကြည့်လူနာ ၂၃၆ ဦးရှိနေပြီးဖြစ်ကြောင့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

------------------------

Unicode:


နိရဉ်စရာ၊ မတျလ ၂၆/၂ဝ၂ဝ








ဆက်စပ် သတင်းများ