အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုရိုနာကူးစက်ခံရသူ ဒုတိယမြောက်လူနာတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထာရသူတစ်ဦးကို ထပ်မံ တွေ့ရှိခဲ့ကြောင်း ယနေ့နံနက် ၇ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

၎င်းမှာ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံပြီးတွင် အသွားအလာကန့်သတ်မှု (Quarantine)ခံယူနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်တစ်ဦးဖြစ်ကြောင်း၊ မလေးရှားမှ မကြာသေးခင်က ပြန်လည် ဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုထားသည်။ 

"ဒီသတင်းကိုအခုမှကြားတာပါ။ သံတွဲကလူနာတွက် စိုးရိမ်နေကြတာ။အခုတောင်ကုတ်မှာလည်း ဖြစ်လာပြီဆိုတော့ အရင်လိုပေါ့ပေါ့ဆဆနေလို့မရတော့ဘူး " ဟု တောက်ကုတ်မြို့မှ လူမှုရေး လုပ်ငန်းများလုပ်ဆောင်နေသူ ကိုဇော်မင်းနိုင်ကပြောသည်။ 

မေလ ၁၈ ရက် ရက်နေ့အတွက် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန မှ (ဒုတိယ အသုတ်) ဓာတ်ခွဲ စစ်ဆေးခဲ့သည့် လူပေါင်း ၂၃၉ ဦးထဲတွင် ၃ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ရာ လူနာအမှတ် ၁၉ဝ သည် တောင်ကုတ်မြို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကျန်နှစ်ဦးမှာ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်နှင့် နောက်တစ်ဦးမှာ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှ ဖြစ်ကြပြီး သုံးဦးစလုံးမှာ မလေးရှားမှ ပြန်လာကြသူများဟု သိရသည်။ 

ရခိုင်ပြည်နယ်တွင် ပထမဆုံး ပိုးတွေ့ရှိခဲ့သည့်သူမှာ သံတွဲမှ ဖြစ်ပြီး ၎င်းလူနာအမှတ်မှာ ၁၈၈ ဖြစ်သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါရှိသူ ၁၉၁ ဦးရှိပြီဖြစ်ပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကာ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်လာသူ ၁ဝ၁ ဦးရှိပြီဟုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ 

ဆက်စပ် သတင်းများ