စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်လူပေါင်း ၂ဝ ခန့် သေဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

နိရဥ္စရာ၊ မေ ၂၉/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ် လူပေါင်း ၂ဝ ခန့်သေဆုံးနေရာ လွန်ခဲ့သော ၂၄ နာရီ (ယနေ့ သောကြာနေ့) အတွင်း လူပေါင်း ၂၃ ယောက်သေဆုံးခဲ့သည်။ လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  သေဆုံးသူ အရေအတွက်မှာ ၅၈၂ ဦးရှိသွားခဲပြီ ဖြစ်သည်။

၎င်းပြင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၂၅၂၃ ဦးတွင် ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိ ရောဂါပိုးတွေ့ရှိသူ ၄၂၈၄၄ ဦးရှိသွားပြီ ဖြစ်သည်ဟု ဆိုသည်။ ပြန်ကောင်းလာသူမှာ ၉ဝ၁၅ ရှိသည်။

ဘင်္ဂလာဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာ ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ မေလ ၂၉ ရက်တွင် ၂၃ ဦး၊ မေလ ၂၈ ရက်နေ့တွင် ၁၅ ဦး၊ မေလ ၂၇ ရက်နေ့တွင် ၂၂ ဦးနှင့် မေလ ၂၆ ရက်နေ့က ၂၁ ဦး သေဆုံးခဲ့သည်။  

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မတ်လ ၈ ရက်နေ့တွင် ရောဂါပိုးရှိသူကို စတင် စမ်းသပ်တွေ့ရှိခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင် ၎င်းရောဂါကြောင့် လူစတင်သေဆုံးခဲ့သည်။ 


ဆက်စပ် သတင်းများ