ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုရိုနာကူးစက်ခံရသူ ၁၂ဦးအနက် ၇ဦးဆေးရုံးကဆင်းခွင့်ရ၊ ကျန်၅ဦးအခြေအနေကောင်းမွန်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 1.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၁ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၂ ဦးရှိသည့်အနက် ၇ ဦးမှာ ဆေးရုံးက ဆင်းခွင့်ရပြီး ကျန် ၅ ဦး၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာကြောင့် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆေးရုံဆင်းခွင့်ရသော လူများမှာ သံတွဲဆေးရုံမှ လူနာအမှတ် ၁၈၈၊ တောင်ကုတ်ဆေးရုံမှ လူနာအမှတ်  ၁၉ဝ၊ မောင်တောဆေးရုံမှ လူနာအမှတ်၂၃၄၊ ၂၄၄၊ ၂၄၇နှင့် ဘူးသီးဆေးရုံမှ လူနာအမှတ် ၂၅ဝ၊ ၂၆၂ တို့ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ Negative နှစ်ကြိမ်ထွက်ပြီးလို့ရှိရင် ဆေးရုံကဆင်းခွင့်ပြုတယ်။ ဒီလမ်းညွှန်ချက်အတိုင်း negative နှစ်ကြိမ်ပြည့်တဲ့လူတွေကို ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီ။ ဒါပေမယ့် ဆင်းပြီးတာနဲ့ ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုမှု နောက်ထပ်တစ်ပတ်လုပ်တယ်။ ပြီးရင် အိမ်မှာတစ်ပတ် ထားတယ်။ အိမ်မှာနေလို့ စိတ်မချဘူးဆိုရင် ဆေးရုံမှာဘဲထားတယ်။ ဆိုလိုတဲ့သဘောက ဆေးရုံကဆင်းခွင့်ရပြီဆိုရင်တောင်မှ နောက်ထပ် နှစ်ပတ်စောင့်ကြည့်တယ် ” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

၎င်း လူနာ ခုနှစ်ဦးမှာ Negative နှစ်ကြိမ်ထွက်ပြီးသူများဖြစ်ကြပြီး သံတွဲမြို့နယ်မှ တစ်ဦးနှင့် တောင်ကုတ်မြို့နယ်မှတစ်ဦးတို့မှာ အိမ်ပြန်သွားပြီဖြစ်သည်။ 

မောင်တောဆေးရုံနှင့် ဘူးသီးတောင်ဆေးရုံမှဆင်းခွင့်ရသူများမှာလည်း Negative နှစ်ကြိမ်ထွက်သူများ ဖြစ်သော်လည်း ပိုသေချာစေရန် ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုမှု ဆက်လက် ခံယူနေကြောင်း သိရှိရသည်။

ဆေးရုံးမှ ဆင်းခွင့် မရသူများမှာ မောင်တောဆေးရုံမှ ၄ ဦးနှင့် စစ်တွေဆေးရုံမှာ တစ်ဦးတို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့၏ လူနာအမှတ်များမှာ ၂၄၈၊ ၂၆၃၊ ၂၉၁၊ ၂၉၃ နှင့် ၂၅ဝ တို့ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ-တောင်ကုတ်ဆေးရုံမှ လူနာအမှတ်  ၁၉ဝ ဆေးရုံက ဆင်းသွားပုံကို တွေ့ရစဉ်)


ဆက်စပ် သတင်းများ