သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကလေးအချို့ ဝမ်းရောဂါဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.6k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ကလေးငယ် ၉ ဦး ဝမ်းရောဂါဖြစ်ပွားနေကြောင်း သိရသည်။

ဝမ်းရောဂါဖြစ်ပွားနေသည့်ကလေးများမှာ မလှိုင်လှိုင်ဝင်း (၈ လ)၊ မောင်ဧပြီလင်း (၁ နှစ် ၉ လ)၊ မအေးချမ်းမေ (၁ နှစ်)၊ မောင်နိုင်ကျော်လင်း (၆ လ)၊ မအေးအေးဝင်း (၉ လ)၊ မကြည်မေချမ်းသိန်း (၁ နှစ် ၁ လ)၊ မလှိုင်လှိုင်စိုး (၉ လ)နှင့် မောင်ချမ်းငြိမ်းထက် (၁၁ လ)တို့ဖြစ်ကြသည်။

၄င်းတို့မှာ အဆိုပါစစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

“တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ သောက်ရေ ခန်းခြောက်နေတာ လနဲ့ချီနေပြီ။ အိမ်သာသုံးဖို့ ရေမလုံလောက်တဲ့အတွက် မစင်ကို စနစ်တကျ မစွန့်ပစ်နိုင်နိုင်တာကြောင့် ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်စခန်းက ယူဆနေကြတယ်”ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၎င်းတောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၄၉ စုနှင့် ကျား ၃၅၈ ဦး၊ မ ၃၇၆ ဦး၊ စုစုပေါင်း လူဦးရေ ၇၃၄ ဦးခန့်နေထိုင်ကြောင်း သိရသည်။


-------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၁၇ / ၂ဝ၂ဝ






ဆက်စပ် သတင်းများ