ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

၂ နှစ်ကျော်သက်တမ်းသာရှိသေးသည့် တောင်ကုတ်မြို့သားဖွားမီးယပ်ဆောင် အမိုးမျက်နှာကျက်အစိတ်အပိုင်း တချို့ပြိုကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 831

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂ဝ၂ဝ

၂ နှစ်ကျော်သက်တမ်းသာရှိသေးတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သားဖွား မီးယပ်ဆောင်၏  မျက်နှာကျက် အစိတ်အပိုင်းတချို့ယမန်နေ့ ညနေပိုင်းက ပြိုကျခဲ့သည်ဟု သိရှိရသည်။

တောင်ကုတ်မြို့ ဆေးရုံးတာဝန်ခံ ဆရာဝန် ဒေါက်တာအောင်ဆွေမြင့်က သားဖွားမီးယမ်းဆောင် ခြံဝင်း၏ အမိုးမျက်နှာကျက် အစိတ်အပိုင်းတချို့ပြိုကျခဲ့သည်ဟု ပြောသည်။

“ ခြံဝင်း၏ မျက်နှာကျက်ပေါ့နော်။ ထိခိုက်ဒဏ်ရာရသူတွေကတော့ မရှိပါဘူး။ အကျယ်အဝန်းကတော့ သေချာ မခန့်မှန်းတတ်ပါဘူး။ ခြံဝင်ရဲ့မျက်နှာကျက်က ကားတစ်စီး နှစ်စီးသာသာလောက်ရှိတာပါ။ အဲဒီထဲက တစ်ဝက်လောက် ပြိုကျတာပါ” ဟု နိရဥ္စရာသို့ပြောသည်။

မီးယပ်သားဖွားဆောင် ပြိုကျမူနှင့် ပတ်သက်ပြီး တောင်ကုတ်မြိူ ဒေါက်တာ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးဆီသို့တင်ပြပြီး ပြန်လည် ပြုပြင်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

“ ပြိုကျသွားတဲ့ အကျယ်အဝန်းကတော့ သေချာမခန့်မှန်းတတ်ပါဘူး။ ပျက်စီးမူကတော့ အများကြီးတော့ မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာ ရသူတွေတော့ မရှိပါဘူး။ ဒါပေမယ့် ပြိုကျပျက်စီးမူနဲ့ ပတ်သက်လို့ ဆေးရုံးအနေနဲ့ကတော့ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးဆီကို တင်ပြသွားဖို့ရှိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြိုကျပျက်စီးခြင်းသည် ဆေးရုံးကိုလာရောက် ကုသတဲ့ ပြည်သူများကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တောင်ကုတ် ဒေသခံ ကိုဇော်ဇော် ကပြောသည်။

“မနေ့က ညနေတုန်းက ပြိုကျတာပါ။ ဆောက်လုပ်တာ ၂ နှစ်ကျော်လောက်ရှိသေးတယ် ။ ခုလို ပျက်စီး တာကတော့ မကောင်းဘူး၊ လူတွေကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားမှာ ရှိလာတယ်။ အဲဒီ ပျက်စီးတုန်းကဆိုရင် မျက်နှာကျက် အောက်မှာ လူတွေရှိနေရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်။ ဆေးရုံဆိုတဲ့ဟာက လူသွားလူလာ ၊ အဝင်အထွက်တွေ များတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေကတော့ အဆောက်အအုံ နောက်ထပ်ပြိုကျမူ မရှိရအောင် ပြင်ဆင်သင့်တာတွေကို တာဝန်ရှိလူကြီးတွေက စစ်ဆေးပြင်ဆင်ပေးစေချင်တယ်” ဟု ၎င်းက ပြောကြားသည်။

ဒေသခံပြည်သူများ အနေဖြင့် နောက်ထပ်ပြိုကျပြီး အန္တရာယ်များ ကျရောက်မူ မရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စစစစ် ပြုပြင်ပေးလိုသည်ဟု ကိုဇော်ဇော်က ဆက်ပြောသည်။

ဆက်စပ် သတင်းများ