အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရက္ခိုင်ကျောင်းသားများသမဂ္ဂ(၁၁)ဖွဲ့ မှ နွေဦးတော်လှန်ရေးနှင့် တစ်သားတည်း ရပ်တည်မည်ဟုထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 906

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၂၂/ ၂ဝ၂၁

ရက္ခိုင်ကျောင်းသားသမဂ္ဂများမှ နွေဦးတော်လှန်ရေးနှင့်တစ်သားတည်း ရပ်တည်မည်ဟု ယမန်နေ့ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲဒဏ် ခံစားခဲ့ရစဉ်က ရန်ကုန်အပါအဝင် ဒေသအချို့မှ ကျောင်းသားများမှာ ရက္ခိုင်ကျောင်းသားများနှင့် အတူ ရပ်တည်ခဲ့သည့်အတွက် ယခုအချိန်တွင် ၄င်းတို့နှင့်အတူ တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသားခေါင်းဆောင်တစ်ဦးကပြောသည်။

အစကတည်းကလည်း အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်းလည်း ကျွန်တော်တို့ ထုတ်ပြန်ခဲ့တယ်။ ပြည်သူတွေသေနေတဲ့အပေါ်မှာ လုံးဝကြီးကို ကန့်ကွက်တာဖြစ်တယ်။ ထပ်ပြီးတော့ မဖိနှိပ်ဖို့ပေါ့။ ကျွန်တော်တို့ကို တစ်ချိန်က ဝိုင်းရံပေးခဲ့တဲ့ မဟာမိတ်တွေအတွက် ပြန်ပြီးဝိုင်းရံပေးတာဖြစ်တယ်။ ပိုပြီးတော့ အများကြီးလုပ်ပေးချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ရုန်းကန်နေရတဲ့ အခြေနေတစ်ခု ရောက်နေတဲ့အတွက် တတ်နို်င်တဲ့ဖက်က လုပ်ပေးတာပါဟုပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို ဖီဆန်တော်လှန်နေကြသည့် ကျောင်းသား၊ ပြည်သူတို့၏ စွန့်လွှတ်အနစ်နာခံစိတ်နှင့် ရဲဝံ့မှုကို မိမိတို့ ရက္ခိုင်ကျောင်းသား သမဂ္ဂများ အနေဖြင့် အလေးအနက် အသိအမှတ်ပြုကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲ ဝင်နေကြသော ကျောင်းသားပြည်သူများနှင့်အတူ မိမိတို့ ရက္ခိုင်ကျောင်းသားသမဂ္ဂများအနေဖြင့် တစ်သားတည်း ရပ်တည်ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်ဟုပါရှိသည်။

၄င်းတို့နှင့်အလားတူ ယမန်နေ့ မတ်လ ၂၁ ရက်နေ့က ရခိုင်အရပ်ဖက်အဖွဲ့အစည်း(၇၇)ဖွဲ့ကလည်း  အာဏာသိမ်းမှုကို အမြန်ဆုံးစွန့်လွှတ်ရန် သဘောထားထုတ်ပြန်ခဲ့ကြသည်။


ဆက်စပ် သတင်းများ