အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှကျည်ဆံထိမှန်သူကို စစ်တွေဆေးရုံမှရန်ကုန်သို့အရေးပေါ်ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာလ ၂၅ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ လက်နက်ကြီးကျည်ကျပြီး စစ်တွေဆေးရုံတွင် ဆေးကုသနေသည့် သင်္ဂနက်ကျေးရွာသားတစ်ဦးကို ရန်ကုန်သို့အရေးပေါ်ကုသရန် ယနေ့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

ရန်ကုန်သို့ ပို့ဆောင်ခံလိုက်ရသူမှာ သင်္ဂနက်ကျေးရွာမှ ဦးရွှေထွန်းသိန်း (၃၄) နှစ် ဖြစ်ပြီး ၎င်း၏ ဒဏ်ရာမှာ ရန်ကုန်တွင် ကုသရန် လိုအပ်သဖြင့် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နေလယ် ၁ နာရီအချိန်ခန့်တွင် ဖြူစင်မေတ္တာ ပရဟိတအသင်းကားဖြင့် ရန်ကုန်သို့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

သူ၏ ယောက်ဖဖြစ်သူက “လူနာအခြေအနေ စိုးရိမ်ရတယ်။ အမြောက်ဆန်ဝင်နေတဲ့ သူ့နောက်ကျောက ဒဏ်ရာက ပြင်းထန်တယ်။ ဒါကြောင့်စစ်တွေဆေးရုံမှာ ထုတ်လို့အဆင်မပြေဘူးတဲ့။ အောက်ပိုင်းထိခိုက်နိုင်တယ်ပြောတယ်။ ဒါကြောင့် ရန်ကုန်ကိုသွားရတာပါ” ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းလူနာသည် စက်တင်ဘာလ ၁၅ ရက်နေ့  နံနက် ၁ နာရီအချိန်ခန့်တွင် ကုလားတန်မြစ်အတွင်း ရေတပ်သင်္ဘော တိုက်ခိုက်ခံရပြီး သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့်  ပြန်လည် တုန့်ပြန်ပစ်ခတ်စဉ် ဒဏ်ရာရရှိခဲ့သူဖြစ်ပြီး ယင်းနေ့တွင်ပင် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာခဲ့သူ ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ