သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသည့်လူငယ်တစ်ဦး စစ်တွေဆေးရုံသို့ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

နီမင်းထွန်း
နိရဥ္စရာ၊ မတ်လ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျော်ရွှီပြင်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာ ရသည့် လူငယ်တစ်ဦးဖြစ်သူ ကျော်မျိုးထွန်း (၂၅) နှစ်သည် ဆေးကုသရန် ယနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်တွေဆေးရုံသို့ထပ်မံရောက်ရှိလာသည်။

မတ်လ ၁၁ ရက်နေ့ ညည့်တစ်နာရီ အချိန်ခန့် နေအိမ်တွင် မိသားစုများ အိပ်နေကြစဉ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျော်မျိုးထွန်း ညာဖက် လက်မောင်း ဒဏ်ရာရသွားပြီး မိခင်ဖြစ်သူ ဒေါ်နုအေးစိန်တွင်လည်း ခြေထောက်တွင် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု  ဒဏ်ရာသူ၏ ကျော်မျိုးထွန်း၏ အစ်ကိုဖြစ်သူ ဦး ဦးသိန်းအောင်ကပြောသည်။

“သူတို့အိပ်နေတုန်း ဗုံးတစ်လုံးလာကျလို့ ဒဏ်ရာရသွားတာ။ အဲဒီအချိန် ရွာပေါ်မှာ လေယာဉ် ဝဲနေတယ်။ အိမ်လည်း မီးလောင်သွားတယ်။ ဗုံးက အိမ်နားမှာကျတာ။ အဲဒီအနားက တစ်တောင်လောက် အရှည် ဗုံးခွံ တစ်ခွံရတယ်။ ဗုံးသီးကျတဲ့နေရာမှာလည်း တွင်းကြီး တစ်တွင်းဖြစ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ရွာနဲ့ဝေးတယ်”ဟု ၄င်းကပြောသည်။

၄င်းလူနာသည် ကျောက်တော်ဆေးရုံတွင် (၃)ရက်တာဆေးကုသခဲ့ပြီး ဒဏ်ရာ ကောင်းမလာသည့် အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်လာခြင်းဖြစ်ပြီး မိခင်တွင် ဒဏ်ရာ မပြင်းသည့်အတွက် ကျောက်တော်တွင်ကျန်ခဲ့သည်ဟုလည်း ၄င်းကဆက်ပြောခဲ့သည်။




-----------------------------

Unicode:


နိရဉ်စရာ၊ မတျလ ၁၇/၂ဝ၂ဝ










ဆက်စပ် သတင်းများ