ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ပန်းမြောင်း-တောင်ဖြူတောင်ကို တပ်မတော်က ရဟတ်ယာဉ် ၃ စီးဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂ဝ၁၉

မင်းပြားမြို့နယ်၊ တောင်ဖြူတောင်ကို မြန်မာတပ်မတော်မှ ရဟတ်ယာဉ် ၃ စီးဖြင့် ယနေ့ မွန်းလွဲ ၁ နာရီခွဲက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက သတင်း ပေးပို့သည်။

ယခု ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သည့် တောင်ဖြူတောင်သည် ပန်းမြောင်းကျေးရွာ၏ အရှေ့မြောက်ထောင့်တွင် တည်ရှိပြီး ၎င်းနေရာအနီးဝန်းကျင်တွင် အောက်တိုဘာ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့သည်ဟု သိရသည်။

၎င်းနေရာများကို ရဟတ်ယာဉ် ၃ စီးဖြင့် တိုက်ခိုက်နေသည်ကို အနီးအနားကပင် မြင်ခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။

“ ကျွန်တော် ပန်းမြောင်းရွာက မြင်ရပါတယ်။ ကျွန်တော်တို့က ရွာပြင်ကနေ ထွက်ကြည့်တော့ ရဟတ်ယာဉ်တွေ ဝဲနေတာကိုရော၊ အပေါ်က စက်သေနတ်တွေနဲ့ ပစ်တာကိုရော မြင်နေရပါတယ်။ ပေါက်ကွဲသံတွေကိုလည်း ကြားရပါတယ်။ သုံးစီးမှာ နှစ်စီးက ၅ ကြိမ်လောက်စီ ဝဲပြီး ပစ်ခတ်ပါတယ်” ဟု မျက်မြင် ပန်းမြောင်းရွာသား တစ်ဦးက ပြောသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း တိုက်ခိုက်ရာတွင် MI 35 အမျိုးအစား ရဟတ်ယာဉ် နှစ်စီးနှင့် ရိုးရိုး ရဟတ်ယာဉ် တစ်စီးတို့ ပါဝင်သည်ဟု ဆိုသည်။

“ MI 35 နှစ်စီးနဲ့ ပစ်ပါတယ်။ တစ်စီးက ဝန်တင် ရဟတ်ယာဉ် ဖြစ်ပါတယ်။ နှစ်စီးကတော့ ပစ်ပါတယ်။ တစ်စီးကတော့ ဝဲနေတာကို တွေ့ရပါတယ်။ ဒီနေ့တော့ အဲဒီမှာ တိုက်ပွဲ ဖြစ်တာလည်း မရှိပါဘူး။ တပ်ဘက်က ရဟတ်ယာဉ်နဲ့ လာပစ်တာဘဲရှိပါတယ်” ဟု ပြောကြားသည်။

ဒိုင်းသားကျေးရွာသို့ ဆက်သွယ်ရာ ရပ်ရွာ တာဝန်ခံက “ ကျွန်တော်တို့ ကြားတာက ဆင်ကျုံးကြီး တောင်ချိုင်ဘက်က ကြားပါတယ်။ ဒါက တောင်ဖြူတောင်နဲ့ တစ်ဆက်တည်းပါ။ တောင်ကွယ်နေတဲ့ အတွက် ကျွန်တော်တို့ရွာက အသံသာ ကြားရပြီး ရဟတ်ယာဉ်တွေကို မမြင်ရပါ” ဟု ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ မြန်မာတပ်မတော်က ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်သည်ဟု ကြားသိရကြောင်း၊ ၎င်းပတ်ဝန်းကျင် တိုက်ပွဲများ ဆက်တိုက် ဖြစ်နေသည်ကို ဒေသခံများ သတင်းပေးပို့၍ သတင်းရရှိကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

--------------------------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၂၉/၂ဝ၁၉










ဆက်စပ် သတင်းများ