သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင် ၃၉နှင့် ၄ဝ အကြား တပ်မတော်နှင့် အာဆာတို့ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်နေရာတွင် တပ်မတော်နှင့် ARSA အဖွဲ့တိုက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၈ နာရီခန့်ကနေစတင်ပြီး မိုင်တိုင် ၃၉ နှင့် ၄ဝ ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုတိုက်ပွဲအတွင်းမှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကိုလည်း ကြားလိုက်ရကြောင်း တောင်ပြိုလက်ဝဲ မြို့မှ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

 “နယ်စပ်မှာ သွားလာနေတဲ့ လှုပ်ရှားအဖွဲ့ ခလရ ၃၅၄ နဲ့ ARSA  အဖွဲ့တို့ဖြစ်ကြတာ။ ဖြစ်တာက မနက် ၈ နာရီကျော်ကနေစဖြစ်တာ။ လက်နက်ကြီးပစ်သံတွေကို ကျနော်တို့ ဆီကတောင် ကြားလိုက်ရတယ်။ ၁ဝ နာရီကျော်မှာ အသံတိတ်သွားတယ်” ဟု ၄င်းကပြောသည်။

တောင်ပြိုလက်ဝဲ ရဲစခန်းမှ အမည်မဖော်လိုသည့် ရဲဝန်ထမ်း တစ်ဦးကလည်း ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားသံများကို ကြားရပြီး အထက်လူကြီးများထံ အကြောင်းကြားစာများ ပေးပို့ ထားကြောင်း ပြောသည်။

တောင်ပြိုလက်ဝဲ မြို့ မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အား သိရှိရန် တပ်မတော်မတော်ဘက်သို့ နိရဥ္စရာသတင်း ဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

ထိုးအတူ တိုင်ပွဲဖြစ်ပွားသည့် သတင်းနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြရန် မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ၄င်းမှာ အခမ်းအနားတစ်ခုသို့ ရောက်ရှိနေကြောင်း ပြန်လည် ဖြေကြားသည်။

----------------------------------

Unicode:












ဆက်စပ် သတင်းများ