- Web Master
- ၂၇ မတ် ၂၀၂၄
နိရဥ္စရာ၊ မတ် ၂၃/ ၂ဝ၂ဝ (နံနက် ၁ဝ နာရီ ၃ဝ မိနစ်)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော် (AA) မှ ယနေ့ ညဉ့်အစောကြီး အချိန် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
“ အခုကတော့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တိုက်နေတာကို မြင်ရပါတယ်။ နှစ်ဖက် ပစ်ခတ်တဲ့ သေနတ်သံတွေက ဆူညံနေပါတယ်။ အခု လောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါတယ်” ဟု အနီးအနားရှိ အရပ်သား တစ်ဦးက ယနေ့ နံနက် ၁ဝ နာရီက ဆက်သွယ်စဉ် ပြောသည်။
မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ကမ်းနီ တိုင်းဗဟို(၉) အား အေအေမှ ဝင်ရောက်တိုက်ခိုက်နေသည်ကို အတည်ပြုပြီး ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရကြောင်း ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၃ဝ က အတည်ပြု ပြောကြားသည်။
ထိုသို့ တိုင်းဗဟို (၉) လေ့ကျင့်ရေးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားနေသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်း ကားအသွားအလာများ ပြတ်တောက်နေသည်ဟု သိရသည်။
--------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၂၃/ ၂ဝ၂ဝ (နံနကျ ၁ဝ နာရီ ၃ဝ မိနစျ)