စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်လင်းမြွေတောင်မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်ဟု ဒေသခံများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လင်းမြွေတောင် အမြောက်စခန်းမှ ယနေ့နံနက် အမည်မသိ လက်နက်ကြီးစမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

“ ဒီနေ့မနက် ၅ နာရီလောက်မှာ ကြားရပါတယ်။ မိုးခြိမ့်သံလိုလို၊ ဂျက်တိုက်လေယာဉ်သွားသလို အသံတွေ ဟိန်းပြီးကြားရတယ်။ တစ်ခါမှ မကြားဖူးတဲ့ အသံပါ။ အဲသလို အသံကြားပြီးမှ ကျရောက်ပေါက်သံကို ကျယ်လောင်စွာ ကြားရပါတယ်။ သုံးလုံး စမ်းသပ်ပစ်ခတ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြာသည်။

၎င်းလင်းမြွေတောင်အမြောက်စခန်းမှ ၎င်းအမြောက်ကျည်ဆံ သုံးလုံးကို ရမ်းချောင်းဘက်သို့ ပစ်ခတ်ခဲ့ပြီး အသံကို ကျယ်လောင်စွာ ကြားခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

ဒေသခံမျက်မြင်များ အပြောအရ ယမန်နေ့က ရဟတ်ယာဉ် လေးကြိမ်တိတိ လင်းမြွေတောင်အမြောက်စခန်းသို့ ဆင်းသက်ခဲ့ပြီး လက်နက်ကြီးများကို ယူဆောင်လာပုံရကြောင်း ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ဦးထွန်းသာစိန်က “ လက်နက်ကြီးစမ်းတာ ဖြစ်နိုင်တယ်။ တစ်ခါမှ ဒီလို အသံမျိုး မကြားဖူးဘူး။ အသံကိုဟိန်းပြီး မိုးခြိမ့်သံလို၊ လေယာဉ်ပျံသလို အသံကြားရပြီး ပေါက်ကွဲသံတွေကို ကြားရတယ်။ အချိန်က ၅ နာရီလောက်မှာ အတွဲလိုက် သုံးလုံးပစ်ခတ်ပါတယ်။ ကျောက်တော် အခြေစိုက် ၃၇၅ ကလည်း အမြောက်ချိန်းတယ်။ စက်သေနတ်ပစ်တယ်။ တီးလုံးတိုက်ထားသလို သုံးခေါက်လောက် စမ်းပစ်တယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် တိုက်ပွဲများ ရှေ့မှာ ဆက်ဖြစ်လာနိုင်သည်ဟု ၎င်းက ပြောကြားသည်။

------------------------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ၁၈/ ၂ဝ၁၉







ဆက်စပ် သတင်းများ