ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်ပြားမြို့နယ်မှ နေရာအချို့အား ရဟတ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် တပ်မတော်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် တိုက်ခိုက်နေသည်ဟု မျက်မြင်ကျေးရွာသားများက ပြောကြားသည်။

တိုက်ခိုက်နေသော နေရာမှာ မင်းပြားမြို့နယ် သလူချောင်းကျေးရွာအနီးရှိ ကျွဲခိုးတောင်၊ ဘုကြီးနှင့် ရိုးတန်းဆိုသော နေရာများဖြစ်ပြီး ရိုးတန်း အရှေ့ဘက်ခြမ်းကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သလူချောင်းကျေးရွာလူကြီး တစ်ဦးက ပြောသည်။

“ ပထမ နံနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ အဲဒီတောင်တန်းတွေကိုလာချပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက် လာချပါတယ်။ ရဟတ်ယာဉ် ၂ စီး ပြန်သွားပြီးတဲ့ နောက် အခု ၁ဝ နာရီ မိနစ် ၃ဝ လောက်မှာ ဂျက်တိုက်လေယာဉ် တစ်စီးက ဗုံး လေးလုံးကြဲချပြီး ပြန်သွားပါတယ်။ အမ်းဘက်ကို ပျံသွားတာမြင်ပါတယ်” ဟု သလူချောင်း ကျေးရွာလူကြီးက ပြောကြားသည်။

ယနေ့ နံနက်က ရာမောင်တံတားဘက်က သေနတ်သံများကြားရပြီးနောက်  နံနက် ၆ နာရီကျော်တွင် ကျွဲခိုးတောင်ဘက်မှလည်း သေနတ်ပစ်သံများကို ကြားရကြောင်း၊ ကျွဲခိုးတောင်ဘက်တွင် စစ်တပ် စခန်းရှိကြောင်း၊ ထိုစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပုံရကြောင်း၊  နံနက် ၇ နာရီ ၁၅ မိနစ်လောက်တွင် ကျွဲခိုးတောင်ကို ရဟတ်ယာဉ် နှစ်စီးဖြင့် စတင်တိုက်ခိုက်ကြောင်း ၎င်းက ပြောကြားသည်။  

တစ်ခြား မျက်မြင်ဒေသခံများကလည်း ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ အနည်းဆုံး သုံးကြိမ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ပျံလိုက် တစ်စီးပြန်သွားလိုက်၊ နောက်တစ်စီးဖြင့် တိုက်ခိုက်လိုက်၊ တိုက်ခိုက်နေသည်များကို မြင်ရပြီး အသံကိုလည်း ကြားရသည်ဟု ဆိုသည်။

ယနေ့နံနက် ၁၁ နာရီ အချိန်ထိ ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောကြားသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၁၁/ ၂ဝ၁၉







ဆက်စပ် သတင်းများ