သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရွာအနီးတိုက်ပွဲဖြစ်၍ ရသေ့တောင် ကျောက်ရံရွာသားများ ထွက်ပြေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၉ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျုဟာအနီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားသဖြင့် ရွာထဲသို့ လက်နက်ကြီးကျ၍ ကျောက်ရံရွာသားများ  ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြသည်ဟု ရွာသားများက ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ရေစိုးချောင်းကျေးရွာဗျူဟာကုန်းအနီး ၁ဝ မိနစ်ကျော်ခန့် တိုက်ပွဲဖြစ်သံများကြားရပြီးနောက် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ကျောက်ရံကျေးရွာထဲသို့ ပစ်ခတ်မှုများရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

“ တိုက်ပွဲတော့ဖြစ်ပါတယ်။ ခဏဖြစ်ပြီး နောက်ပိုင်း နှစ်ဖက်ပစ်သံမကြားရတော့ဘူး။ နောက်ပိုင်း ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ စစ်ကြောင်းကလည်း ပစ်တယ်။ ကျောက်ရံအရှေ့ဘက်က တောင်တန်းတွေကိုပစ်တယ်။ အော်တိုစက်လက်နက်တွေပစ်တယ်။ မညင်းတောင်ဘက်ကလည်း ပစ်တယ်။ ဦးလေးတို့ ၉ နာရီကျော်လောက်က ရွာကနေ ပြေးလာကြတယ်။  ရွာမှာ သက်ကြီး ရွယ်အိုတွေလောက်ပဲ ကျန်ခဲ့တယ်။ အကုန်ပြေးကြပြီ။ ခြေထောက်နဲ့ ပြေးလာကြတယ်။ တစ်နာရီလောက် ပြေးလာကြတာ” ဟု ကျောက်ရံကျေးရွာ ရွာလူကြီးတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်ရံကျေးရွာတွင် လူဦးရေ ၅ဝဝ ကျော်ခန့်ရှိသည့်အနက် အဆိုပါပစ်ခတ်မှုများကြောင့် အချို့မှာ အနီးနားကျေးရွာတစ်ရွာသို့ ခိုလှုံရန်ရောက်ရှိနေပြီး အချို့မှာ ရသေ့တောင်မြို့ပေါ်သို့ ခိုလှုံရန် စက်လှေများဖြင့် ထွက်သွားကြကြောင်းကြာင်း ၄င်းရွာလူကြီးက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ရေစိုးချောင်းဗျူဟာနဲ့ ရသေ့တောင်တပ်ရင်းတွေက ပစ်နေတယ်လို့ သိရတယ်။ တိုက်ပွဲတော့ ခဏဖြစ်ခဲ့တယ်။ ရွာထဲကို လက်နက်ကြီးတွေ လက်နက်ငယ်တွေ ကျတယ်လို့ သိရတယ်။ ပထမဆုံး လက်နက်ကြီးသံလား မိုင်းကွဲသံလားမသိ အရင်ကြားရပြီး အဆက်မပြတ်ပစ်သံတွေလည်း ကြားခဲ့ရတယ်လို့ ရွာသားတစ်ယောက်က ပြောတယ်။ ကျောက်ရံက  ရွာသားတွေလည်း  ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) က ယနေ့ ုတွင်  ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ၊ တောင်ဖက်၊ မီတာ(၈ဝဝ) အတွင်း၌လည်း (၇) နာရီ(၃၅) မိနစ်မှစတင်၍တပ်မ(၂၂) လက်အောက်ခံ တပ်ရင်း တစ်ခုဟု ယူဆရသော အင်အား(၁၅ဝ)ကျော်ပါစစ်ကြောင်း နှင့် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းထုတ်ပြန်ထား သည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့အား အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရခဲ့ပါ။

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၉ /၂ဝ၂ဝ





 

ဆက်စပ် သတင်းများ