စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ် ခွေးသေစစ်ရှောင်စခန်းတွင် ကလေးငယ်များ အရေပြားရောဂါ ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9k

နောင်ခိုင်အောင်
နိရဥ္စရာ၊ မတ် ၁/၂ဝ၂ဝ
 
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်း အထက်ပိုင်း၊ ခွေးသေကျေးရွာ စစ်ရှောင် စခန်းတွင်  ကလေး (၆)ယောက်ခန့် အရေပြားရောဂါဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

၎င်းကလေးငယ်များ အရေပြား ရောဂါ ခံစားနေရသည်ကို ကြားသိရသဖြင့် ကျန်းမာရေး စောက်ရှောက်မှုပေးနို်င်ရန် စီစဉ်နေကြကြောင်း ပုဏ္ဏားကျွန်းမြို့နယ်ဆရာ ဒေါက်တာအောင်စစ်ထွန်းက ပြောသည်။

“အရေပြားဖြစ်နေတယ်ဆိုတာက ရေကျောက်လေးတွေဖြစ်နေကြတာပါ။ အဲဒီကလေးတွေအတွက် ကျနော်တို့ဌာနက သွားပြီး ဆေးကုသဖို့ စီစဉ်နေပါတယ်။ လောလောဆယ်တော့ သွားလို့ မရသေးဘူးပေါ့နော်။ မနက်ဖြန်တောင်မှသွားမယ်လုပ်တာ။ ဒါပေမယ့် အခြေအနေအရ သွားလို့ မရသေးဘူး။ ကျနော်တို့ဌာနက အဲဒီရွာမှာလုပ်သားတွေရှိတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ သွားနိုင်ရင် သွားမယ်။ တကယ်လို့ မသွားနိုင်ဘူးဆိုရင် အဲဒီ ကလေးတွေကို ခေါ်မယ်ပေါ့။ အဲလိုစီစဉ်ထားပါတယ်။ လောလောဆယ်တော့ စိုးရိမ်ရတဲ့ လူနာလည်းမရှိသေးဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်ဆရာ ဒေါက်တာအောင်စစ်ထွန်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် လယ်တောထဲမှ ကောက်ရိုးများကိုအသုံးပြုပြီး အမိုးအကာလုပ်၍ နေရသည်အတွက်ကြောင့်နှင့် မသန့်ရှင်းသည့်ရေကို အသုံးပြုနေရသောကြောင့် ယခုကဲ့သို့ အရေပြားရောဂါဖြစ်ပွားနေတာဖြစ်နိုင်သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

 “လက်ရှိအခြေအနေအရ စိုးရိမ်စရာရှိတယ်လို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ကလေးတွေက တစ်ယောက်ပြီး တစ်ယောက်ဖြစ်နေကြတာလေ။ ဘာဆေးမှ မှီဝဲတာလည်း မရှိဘူးဆိုတော့ နောက်ထပ်လူတွေကို ကူးစက်နိုင်တယ်။ အဲဒါကြောင့် ဒီကလေးတွေကို စနစ်တကျ အချိန်မှီကုသပေးမယ်ဆိုရင် အဆင်ပြေမယ်လို့ မြင်ပါတယ်” ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

ခွေးသေစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၉ စုရှိပြီး လူဦးရေ ၂၉၂ ဦးရှိကြောင်း သိရသည်။

အဆိုပါ ဒီတောဖျားချောင်းဒေသတွင် စစ်ရှောင်စခန်း ၃ ခုရှိသော်လည်း အလှူရှင်များ လာရောက် ကူညီမှုနည်းပါးသည့်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။
 
ဓါတ်ပုံ - ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး

------------------------------------

Unicode:

 
နိရဉ်စရာ၊ မတျ ၁/၂ဝ၂ဝ
 






 

ဆက်စပ် သတင်းများ