သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းခေါ်ခံရသူ ၂၅ ဦးကို AA ပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၅ / ၂ဝ၁၉

ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၅ ဦးကို ယနေ့ နံနက်က ရက္ခိုင့်တပ်တော် (AA) က ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၂၅ ဦးအား မေယူမြစ် အနောက်ဘက်ကမ်း၊ ဘူးသီးတောင်မြို့နယ်၊ စက်ခေါ်ကျေးရွာ၌ လာရောက်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ စုစုပေါင်း ၂၅ ယောက်၊ အဲဒီအထဲက ရသေ့တောင်မြို့နယ်က ၂ ယောက်ကိုတော့ စက်လှေနဲ့ ရသေ့တောင်ကို ရွာသားတွေ အစီအစဉ်နဲ့ ပြန်ပို့တယ်။ နောက်ထပ် ၂၃ ယောက်ကိုတော့ စက်လှေနဲ့ ဘူးသီးတောင်ကို ပြန်ပို့မယ်။ အခု အိုးသည်မရွာက တစ်ဆင့် ပြန်ပို့နေတယ်လို့ ရွာသားတွေက အကြောင်းကြားပါတယ်”ဟု ဦးမောင်ကျော်ဇံက ပြောကြားသည်။

လွတ်လာသူ ၂၅ ဦးထဲတွင် ဟိန္ဒူလူမျိုး နှစ်ဦးလည်း ပါဝင်ပြီး အများစုမှာ အရပ်သားများဖြစ်ကြသည် သိရသည်။

၎င်းတို့သည် အောက်တိုဘာ ၂၆ ရက်နေ့က တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၅၆ ဦးကို ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ AA မှ ဖမ်းခေါ်ဆောင်စဉ် ပါဝင်သွားသူများ ဖြစ်ကြသည်။

---------------------------

Unicode Version


နိရဉ်စရာ၊ နိုဝငျဘာ ၅ / ၂ဝ၁၉






ဆက်စပ် သတင်းများ