သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပေါင်းတုတ်မူဆလင်ကျေးရွာ လက်နက်ကြီးကျ ၈ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

နိရဥ္စရာ၊ မတ် ၁၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်မူဆလင် ကျေးရွာတွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာရသူ ၈ ဦးရှိကြောင်း သိရသည်။

၎င်းတို့အထဲတွင် လေးဦးမှာ ဒဏ်ရာပြင်းထန်ပြီး နောက်ထပ် ၄ ဦးမှာ အနည်းငယ်စီ ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးချောင်ချူက ပြောကြားသည်။

ဒဏ်ရာပြင်းထန်သူ ၄ ဦးမှာ ဦးချောင်ချူအာလီ (၃ဝ) နှစ် (ဘ) ဦးအီတာမောက်၊ ဦးလိူင်လာ (၂၈) နှစ် (ဘ) ကတ်ဒါအာလီ၊ ဦးကာလာချေ (၄ဝ) နှစ် (ဘ) ဦးမော်ရာဘာနှင့် ဇော်ဒီချေ (၄ဝ) (ဘ) ဦးအဒူလာလောင်တို့ ဖြစ်ကြသည်။

“ သူတို့ကို မြောင်းဘွေဆေးရုံကို ယူနေပါတယ်။ ဒဏ်ရာရတာက ညဉ့် ၃ နာရီလောက်မှာ ဖြစ်တာပါ” ဟု ဦးချောင်ချူက ဆက်ပြောသည်။

ပေါင်းတုတ်ကူးတို့ဆိပ်မှ အုပ်ချုပ်ရေးမှူးက “  သူတို့က အိပ်နေချိန်မှာ ကျည်လာကျတာလို့ ပြောတယ်။ သူတို့ ပြောတာက တပ်ကနေ လမ်းကနေ ပစ်သွားတယ်လို့ ပြောပါတယ်။ ရှစ်ယောက် ဒဏ်ရာရပါတယ်။ လေးယောက်က နည်းနည်း ပြင်းပါတယ်” ဟု ပြောသည်။

ဒေသခံများ အပြောအရ လောင်းကြက်တောင်မော် အဝင် နန်းကျနှင့် လောင်းကြက်အကြား ရန်ကုန်-စစ်တွေကားလမ်းတွင် ယနေ့ ညဉ့်အချိန်က တပ်မတော် ယာဉ်တန်း ဖြတ်သွားစဉ်  မိုင်းပေါက်ကွဲသံများကြားခဲ့ရပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။ 

---------------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၁၃ / ၂ဝ၂ဝ







ဆက်စပ် သတင်းများ