သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေဆေးရုံတွင် နောက်ထပ်ကျည်သင့်လူနာ ဒေါ်သန်းအေးကြည်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 991

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၁၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသူ ကျည်သင့်လူနာ ဒေါ်သန်းအေးကြည်သည် ယနေ့ နံနက် ၅ နာရီ ကျော်အချိန်တွင် ကွယ်လွန်သွားပြီဟု သိရသည်။

ဒေါ်သန်းအေးကြည်သည် မြောက်ဦးမြို့နယ်၊ တိန်ညိုတိုက်နယ်ဆေးရုံတွင် လူနာစောင့်ရင်း မတ်လ ၁၃ ရက်နေ့က စစ်တပ်က ပစ်ခတ်မှု အတွင်း ညာဖက်လည်းပင်ကို ကျည်ထိမှန်ခဲ့သည်။  ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ICRC အကူအညီယူကာ အမြန်စပိဘုတ်ဖြင့် ယမန်နေ့ ညနေက ယူဆောင်လာခဲ့သည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာမှ အသက် ၅၆ နှစ် အရွယ် ဒေါ် သန်းအေးကြည် ဖြစ်သည်။

သေဆုံးသွားသူ၏ ညီမဖြစ်သူ ဒေါ်မကျန်က ̏ ကျမအစ်မက ခွဲစိပ် ကုသချင်ခဲ့တယ်။ ငါ့ကိုမခွဲစိပ်သေးဘူးလားဆိုပြီး သူမသေခင် တဖွဖွပြောနေခဲ့တယ်။ ဒီနေ့မနက်ပိုင်းမှာ ကျမအစ်မက အရမ်းကို အခြေအနေဆိုးလာတယ်။ အသက်ရှူကျပ်လာပြီး မနက် ၅ နာရီကျော်လောက်မှာ သူဆုံးသွားတယ်။ ˝ဟု ပြောသည်။

သေဆုံးသွားသူ ဒေါ်သန်းအေးကြည်၏ ရုပ်အလောင်းကို သူမ၏ နေထိုင်ရာ ကျေးရွာသို့ ယူဆောင်သွားမည်ဟု ၄င်းကဆက်ပြောသည်။

ယမန်နေ့ ညနေကလည်း စစ်တွေပြည်သူ့ဆေးရုံ၌ ကျောက်တော်မြို့နယ်၊ သရက်တပင် အုပ်စု၊သိန်းတန်ကျေးရွာမှ ကျည်သင့်လူနာတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်ဦး သေဆုံး သွားကြောင်းလည်း သိရှိရသည်။

------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၁၄ /၂ဝ၂ဝ








ဆက်စပ် သတင်းများ