သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တော ၅ မိုင်တွင် ပစ်ခတ်မှုဖြစ်၍ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးငယ်ကို ဆေးရုံပို့ဆောင်ရန် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ် ၂၅၊ ၂ဝ၂ဝ

ရခိုင်ပြည်နယ်အနောက်ဘက် နယ်စပ်၊ မောင်တောမြို့ (၅) မိုင်တွင် ပစ်ခတ်မှုဖြစ်၍ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ဆေးရုံသို့ ပို့ဆောင်ရန် အခက်အခဲ ဖြစ်နေသည်ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းသို့ ည ၁ဝ နာရီ မိနစ် ၂ဝ က ဆက်သွယ်ရာ ၎င်းက " မောင်တော ၅ မိုင်မှာ ပစ်ခတ်မှုဖြစ်တာပါ။ ဒဏ်ရာရသွားတဲ့ ကောင်မလေးက အဲဒီ ၅ မိုင်က ဦးမဲလုံး သမီးလို့ သိရပါတယ်။ ကောင်မလေးက သွေးထွက်လွန်နေတယ်လို့ သိရပါတယ်။ အဲဒီဘက်ကို သွားပြီး လူနာကို ကားနဲ့ယူမလို့။ အခု အဲဒီကို ဝင်မရဘူးဖြစ်နေတယ်။ ဘာကြောင့် ပစ်ခတ်မူဖြစ်တာလဲ ဆိုတာကို တိတိကျကျ ပြောဖို့ ခက်ပါသေးတယ်။ အဲဒီအနီးတဝိုက်ကို အခု ဘယ်သူမှ သွားလို့မရသေးဘူး။ ကျွန်တော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးကိုတော့ ဆက်သွယ်ထားပါတယ်။ လူ ၂ ယောက်ကိုလည်း ဖမ်းထားတယ်လို့ သိရပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး" ဟု နိရဥ္စရာသို့ ပြောသည်။

အမျိုးသမီးငယ်မှာ ယနေ့ ညနေ ၇ နာရီခွဲခန့်က နေအိမ်အတွင်း ထမင်းစားနေစဉ် ၎င်းအမျိုးသမီးငယ်အား ကျည်ဆံ လာထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

" ဦးမဲလုံး သမီး။ ကောင်မလေး အသက်ကတော့ ၁၆ နှစ်လောက် ရှိပါတယ်။ သေနတ်ကျည်ဆံ ထိတာပါ။ လက်နက်ကြီးလာထိတာတော့ မဟုတ်ပါဘူး။ လူတွေက ဘယ်သူမှ အဲဒီနေရာကို မသွားရဲဘူး။ စစ်တပ်က အဲဒီအိမ်ကို ဝိုင်းထားတယ်။ တိုက်ပွဲလည်းမဖြစ်ဘဲ ဘာကြောင့် ပစ်ခတ်မှု ဖြစ်တယ်ဆိုတာ မသိရသေးဘူး" ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

မောင်တောမြို့နယ် ဂရုဏာကွန်ယက် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က " ၅ မိုင်မှာ ကောင်မလေးတစ်ယောက် ညာဘက်ခြေဖဝါးမှာ ဒဏ်ရာရထားတယ်ဆိုပြီး သတင်းရောက်လို့ ကျွန်တော်တို့ သွားကြတာ အခု အဲဒီ နေရာကို သွားလို့မရသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ၃ မိုင်ဘက်မှာ အခု အခြေနေ စောင့်ကြည့်နေပါတယ်။ လုံခြုံရေးအရ ကျွန်တော်တို့ကို အဲဒီ ၅ မိုင်ဘက်ကို သွားခွင့် မပြုသေးလို့ပါ။ စစ်တပ်နဲ့ ထွေအုပ်ကိုတော့ အဲဒီကိုသွားလို့ရအောင် ကျွန်တော် ဆက်သွယ်နေပါတယ်။ ကောင်မလေးမှာ ခြေထောက်ဒဏ်ရာကြောင့် သွေးထွက်လွန်နေတယ်လို့ သိရပါတယ်"ဟု ည ၁ဝ နာရီကျော်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လူနာအနားတွင် ရှိသူတစ်ဦး၏ ဖုန်းနံပါတ်အား နိရဥ္စရာမှရ၍ ဆက်သွယ်ခဲ့ရာ ၎င်းမှာ အခြေနေအရ ဖုန်းပြောရန် အဆင်မပြေသေးကြောင်းပြောကာ ဖုန်းချသွားသည်။

သို့အတွက် ဖြစ်စဉ်အသေးစိတ်ကို နိရဥ္စရာမှ တင်ပြနိုင်ခြင်း မရှိသေးပါ။

-------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၅၊ ၂ဝ၂ဝ








ဆက်စပ် သတင်းများ