သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ပေါက်တောပြင်ရွာထဲ လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေ၊ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

နီမင်းထွန်း

နိရဥ္စရာ၊ မတ်လ ၂၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ပေါက်တောပြင်ကျေးရွာထဲ ယမန်နေ့ ညနေက လက်နက်ကြီးကျည်ကျ၍ တစ်ဦးသေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဦးထွန်းအောင်ဇံ (၆၆) နှစ်ဖြစ်သည်။ ၎င်းသည် ဆင်သည်ရွာမှ ပေါက်တောပြင်ကျေးရွာသို့ အလည် ရောက်ရှိနေသူ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူသွားမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး မမဲချေ(၂၆)နှစ်၊ ၄င်း၏ ယောက္ခမဖြစ်သူ ဒေါ် ဦးခင်မိုး(၅၈)နှစ်နှင့် မောင်မြင့်နိုင် (၃၈) နှစ်တို့ ဖြစ်ကြသည်။

“ မနေ့က ညနေပိုင်း ရွာနားကတောင်တန်းမှာ အေအေနဲ့ စစ်တပ်တို့ မိနစ် ၂ဝ လောက် တိုက်ပွဲ ဖြစ်သံကြားတယ်။ အဲဒီမှာ ရွာထဲကို လက်နက်ကြီးကျည် တစ်လုံး ကျတယ်။ အိမ်ထဲမှာ ထိုင်နေကြတဲ့ အချိန်မှာ လက်နက်ကြီးကျည်ကျတာပါ။ ဆင်သည်ရွာက ဦးထွန်းအောင်ဇံ သေတယ်။ ကိုယ်ဝန်သည် ကတော့ ဒဏ်ရာနည်းတယ်။ ယောက္ခမှာတော့ ဒဏ်ရာပြင်းလို့ ဆေးရုံကို ပို့ရတယ် ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲသည် မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့က လက်နက်ကြီးကျည်ဆိုသည်ကို မသိရကြောင်း၊ တိုက်ပွဲထဲက ကျလာသော လက်နက်ကြီးကျည် ဖြစ်ကြောင်း ကိုဦးနိုင်မင်းက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲဖြစ်သည်ကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးအောင်သန်းတင်က အတည်ပြုသော်လည်း သေဆုံး ဒဏ်ရာရရှိမှုကို အသေးစိတ် မသိသေးဟု ပြောသည်။

ဒဏ်ရာရသူများကို အလယ်ချောင်းတိုက်နယ်ဆေးရုံသို့ ယူဆောင်သွားပြီး လက်ရှိတွင် ပေါက်တောပြင် တစ်ရွာလုံး နီးပါးနီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေကြရသည်ဟု ဒေသအတွင်းမှ လူမှုရေးဆောင်ရွက်နေသူ ကိုအင်္ဂါအောင် (ခမီ) က ပြောသည်။

ပေါက်တောပြင်ကျေးရွာသည် အိမ်ခြေ ၅ဝဝ နီးပါးရှိပြီရှိသည်ရွာတစ်ရွာဖြစ်သည်။ ၄င်းကျေးရွာအနီး တောင်တန်းတွင် လွန်ခဲ့သော ၆ လကျော်လောက် ကတည်းက မြန်မာတပ်မတော်စစ်ကြောင်း တစ်ခု တပ်စွဲထားကြောင်း သိရသည်။

--------------------

Unicode:


နိရဉ်စရာ၊ မတျလ ၂၉/၂ဝ၂ဝ









ဆက်စပ် သတင်းများ