ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မေယူကမ်း အငူမော်ကုန်တန်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ၃ ကြိမ်မြောက် ဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်း အငူမော်ကုန်တန်းကျေးရွာကို ယနေ့ နံနက်က လုံခြုံရေး တပ်ဖွဲ့ဝင်မျာက သုံးကြိမ်မြောက် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ၌  တစ်ကြိမ်၊ ၂ဝ၂ဝ ဖေဖော်ဝါရီလတွင် တစ်ကြိမ် နှစ်ကြိမ်တိတိ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့ မတ်လ ၇ ရက်နေ့တွင် တတိယ အကြိမ်မြောက် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

အငူမော်ကုန်တန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက “ ဘာကြောင့် စစ်ဆေးတယ်ဆိုတာ ကျွန်တော် မသိပါ။ အဓိက အိမ်ထောင်စုစာရင်းလောက်ကိုဘဲ စစ်တာပေါ့နော်။ ကျွန်တော်လည်း အုပ်ချုပ်ရေးမှူးဆိုတော့ အိမ်တိုင်းက အိမ်ထောင်စုစာရင်းတွေ လိုက်ပြရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၆ နာရီခန့်က အင်အား ၁ဝဝ ခန့်ရှိသည့်  စစ်သား၊  ရဲနှင့် လဝက အဖွဲ့ဝင်များသည် အငူမော်ကုန်တန်း ကျေးရွာအား ဝိုင်းဝန်းထားပြီး နံနက် ၇ နာရီ အရောက်တွင် ကျေးရွာ အတွင်းဝင်ကာ နေအိမ် များအား စစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

“အိမ်ထောင်စုစာရင်းတွေ စစ်ဆေးတယ်။ အိမ်ထောင်စုစာရင်းထဲက လူတွေက ဘယ်မှာလဲ၊ ဘာလုပ်နေလဲ ဆိုတာ စစ်ဆေးပါတယ်။ တစ်အိမ်ချင်းစီ အိမ်ပေါ်တက်ပြီး ရှာတာတွေ လုပ်တယ်။ စစ်သားရယ်၊ ရဲရယ်၊ လဝကရယ်နဲ့ လာစစ်ဆေးတာပါ။ သေတ္တာတွေကိုလည်း သူတို့ကို ဖွင့်ပြရပါတယ်။ သူတို့က ရွာအပြင်မှာလည်း ဟိုမှာ တစ်စု ဒီမှာ တစ်စု ရပ်ပြီးတော့ သူတို့က စောင့်နေတာတွေ ရှိပါတယ် ” ဟု အငူမော်ကုန်တန်းမှ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အငူမော်ကုန်တန်းကျေးရွာတွင် အိမ်ခြေ ၃ဝဝ ကျော်၊ လူဦးရေ ၁၅ဝဝ ကျော်နှင့် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကျေးရွာအတွင်း လာရောက်စစ်ဆေးသည်မှာ ယခုအကြိမ်အပါအဝင် ၃ ကြိမ်ရှိနေပြီ ဖြစ်ကြောင်း၊ ယခုအကြိမ် လာရောက်စစ်ဆေးသည့် တပ်ရင်းမှာ ဘူးသီးတောင် တပ်ရင်းမှ ဖြစ်ကြောင်း အငူမော်ကုန်တန်းကျေးရွာမှ နောက်ထပ် ကျေးရွာသားတစ်ဦးက ပြောသည်။

အငူမော်ကုန်တန်းကျေးရွာအတွင်း နေအိမ်များအား စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းမှာ ကျေးရွာအတွင်း စစ်ဆေးသည်ကို မသိသေးကြောင်း ပြောသည်။

---------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၇/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ