ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်နှင့် ချင်းတွင် တိုက်ပွဲများခပ်စိတ်စိတ်ဖြစ်ပွားလာနေဟု နှစ်ဖက်တပ် တာဝန်ရှိသူများ ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများမှာ ခပ်စိတ်စိတ် ဖြစ်ပွားလာနေသည်ဟု နှစ်ဖက်တပ် တာဝန်ရှိသူများက ပြောကြားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ တိုက်ပွဲက မင်းပြားဘက်မှာလည်း ရှိတယ်။ ဟိုဘက်က ပလက်ဝမြို့နယ် သရော် အိုင်ဘက်မှာလည်း ဖြစ်တာ ရှိတယ်။ သရော်အိုင်ဘက်မှာ ထိတွေ့ တိုက်ခိုက်မှုဖြစ်တာက ခပ်စိတ်စိတ်ဖြစ်လာတဲ့ သဘောရှိပါတယ်” ဟု ပြောကြားသည်။

တိုက်ပွဲများမှာ မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ ပထမပတ်တွင် တစ်ပတ်လုံးလိုလို ဖြစ်ပွားနေသည်ဟု ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။

 “ သြဂုတ် ၃ ရက်နေ ပလက်ဝမြို့နယ် ပီတောင် အနီးတစ်ဝှိုက်မှာ ကျွန်တော်တို့ တပ်တွေနဲ့ ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ရှိတယ်။ ရခိုင်တပ်တော် စနိုက်ဘာ ကွန်မတော် တပ်သားတွေရဲ့ လက်ချက်နဲ့ သူတို့ဆီက ကျဆုံးခဲ့တာ ရှိတယ်။ နောက်တစ်ခု  မင်းပြားမြို့နယ် သလူချောင်း အင်အား ၂ဝဝ လောက် နဲ့ ထိုးစစ် ဆင်လာတာ ရှိတယ်။ ရှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်တဲ့ အတွက် အဲဒီမှာလည်း သူတို့ဆီက အကျအဆုံးတွေ အများအပြားရှိခဲ့တယ်” ဟု ပြောဆိုသည်။

၎င်းပြင် ခိုင်သုခက “ သြဂုတ် ၄ ရက်နေ့မှာ မင်းပြားမြို့နယ် သလူချောင်းကျေးရွာရဲ့ မြောက်ဘက် ၁ ကီလိုမီတာလောက်အကွာမှာ တိုက်ပွဲ ဖြစ်နေတာရှိတယ်။ သူတို့က အထိအခိုက် အကျဆုံး များနေတော့  လူအင်အား လက်နက်အင်အား ထပ်ဖြည့်ပီး အလုံးအရင်းနဲ့ ထိုးစစ် ဆင်နေတာကြောင့် ရှေ့လာမယ့်ရက်တွေမှာလည်း တိုက်ပွဲက ပြင်းထန်လာမယ့် အလားအလာရှိတယ်” ဟု ပြောဆိုသည်။ 

AA ၏ ထုတ်ပြန်ချက်ထဲတွင် ၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၃ ရက်နှင့် ၄ နေ့ရက်များတွင် နယ်စပ်မှတ်တိုင် BP-71 နှင့် "ပီတောင်"ပတ်ဝန်းကျင်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တပ်မ(၇၇) တပ်ဖွဲ့ဝင်အချို့အား AA လှုပ်ရှားစစ်ကြောင်းမှပိတ်ဆို့ထားသောကြောင့် ၎င်းတို့သည် ရိက္ခာများပြတ်တောက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အဲဒီနေရာတွေက ပိတ်ဆို့လို့ရတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာ နေရာ ၂ခုလုံးက ရွာနဲ့ မနီးဘူး။ တောထဲမှာ ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ” ဟု ပြောဆိုသည်။

တိုက်ပွဲများမှာ ယမန်နေ့ သြဂုတ် ၅ ရက်နေ့ထိ ဖြစ်ပွားနေကြောင်းသိရှိရသည်။

ရက္ခိုင့်တပ်တော်( AA) မှ သတင်း ထုတ်ပြန်ချက်တွင် တိုက်ပွဲများမှာ ပလက်ဝမြို့နယ်၊"နှမဒါရွာ" အရှေ့တောင်ဖက်(၂ ဒသမ ၁)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌ သြဂုတ် ၅ ရက် နံနက် ၉ နာရီ အချိန်တွင်လည်းကောင်း၊ ပလက်ဝမြို့နယ်၊ အထက်ပီရွာ၊ အနောက်မြောက်ဖက်  နယ်စပ်မှတ်တိုင် BP-71 အရှေ့မြောက်ဖက် ၁ ဒသမ ၃ ကီလိုမီတာ အကွာအဝေးတွင် လည်းကောင်း၊ မင်းပြားမြို့နယ်၊ "ကုလားမတောင်" တောင်တန်းပေါ်တွင် နေ့လယ် ၁  နာရီ ၅ဝ မိနစ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ