ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲ ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.9k

နိရဥ္စရာ၊ သြဂုတ် ၁၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီးရှိ နရန်းလမ်းဆုံတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

၎င်းနေရာမှာ မင်းပြားမြို့မှ လေးမိုင် ငါးမိုင်ခန့်အကွာ ရာမောင်တံတားအနီး နရန်းလမ်းဆုံဖြစ်ကြောင်း၊  ၎င်းနေရာမှာ မြောက်ဦး၊ မင်းပြားနှင့် ရန်ကုန်ဘက်သို့ အသွား ရာမောင်တံတားအနီးရှိ လူသွားလူလာများသည့် လမ်းဆုံဖြစ်ကြောင်း သိရသည်။

“ တိုက်ပွဲက ပြင်းပါတယ်။ ၁၂ နာရီကျော် လောက်က ဖြစ်တယ်ထင်ပါတယ်။ အခု ထက်ထိ လက်နက်သံတွေကို ကြားနေရတုန်းပါဘဲ” ဟု ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ဆက်သွယ် ပြောကြားသည်။

အနီးအနားရှိ ဒေသခံများမှာ ကြောက်လန့်ပြီး အိမ်ထဲတွင် ပုန်းအောင်းနေကြသည်ဟု ပြောသည်။

တစ်ခြားဒေသခံ တစ်ဦးက “ အခြေအနေ ဘယ်လို ဖြစ်နေတယ်ဆိုတာ မသိရဘူး။ သေနတ်သံတွေက ဆက်တိုက်ကြားနေရတုန်းပါ” ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ