သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေဟု ဒေသခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k

စိုးဇံအောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၆ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာကို လက်နက်ကြီးဖြင့် လှမ်းပြီးပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ယနေ့နေ့လယ် ၂ နာရီအချိန်က ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်တံတားဘက်မှနေ၍ သရက်ပြင်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်ကို လှမ်းမြင်နေရသည်ဟု ကြာညိုပြင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သရက်ပြင်ဘက်ကို ပစ်နေတာပါ။ ၂ နာရီလောက်ကပါ။ ရွာထဲကို ပစ်လို့ သရက်ပြင်ရွာမှာ အခု မီးခိုးလုံးတွေ ထွက်နေတာ မြင်ရတယ်။ ကျွန်မတို့နဲ့ တစ်ဘက်တစ်ကမ်းက ဖြစ်တဲ့အတွက် သွားပြီးတော့ မကြည့်ဝံ့ဘူး။ အိမ်က လှမ်းမြင်ရတာပါ။”ဟု နိရဥ္စရာသို့ ပြောသည်။

သရက်ပြင်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ဖုံညိုလိပ်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း ထိုသို့ လက်နက်ကြီးဖြင့် လှမ်းပြီးပစ်ခတ်နေသည်ကို လှမ်းမြင်ရကြောင်း ပြောသည်။

“ကျွန်တော်တို့ရွာနဲ့ တစ်မိုင်လောက်ကွာပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာက စကခ ၁၅ ဘက်ကပါ။ အပြန်အလှန် ပစ်တာတော့ မကြားရဘူးဗျ။ ရွာထဲကို ကျ/မကျလည်း မသိရသေးဘူး။ သရက်ပြင်ရွာထဲနဲ့ စိုင်းတင်တံတားမှာက အရင်ကပဲ စစ်တပ်က ရှိနေပါတယ်”ဟု ညနေ ၃ နာရီ ၄ဝ မိနစ်က ဆက်သွယ်မေးမြန်းစဉ် ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပို်င်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက” မုန်တိုင်းဝင်နေလို့ မိုးခြိမ်းတာဖြစ်မှာပေါ့။ အခုတလော ပြဿနာဖြစ်တာ အဲဒီဘက်မှာ မုန်တိုင်းဖြစ်နေလို့”ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်လက်၍ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကို ဆက်သွယ်မေးမြန်းရာ ရွှေနဒီအမြန်ရေယာဉ်ကိစ္စနှင့်ပတ်သက်ပြီး အလုပ်ရှုပ်နေသဖြင့် မသိရှိရသေးဟု ဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကျောက်တော်၊ ပလက်ဝ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

----------------------------

Unicode Version


နိရဉ်စရာ၊ နိုဝငျဘာ ၆ /၂ဝ၁၉










ဆက်စပ် သတင်းများ