ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးရမိသည့် တပ်မတော်သား (၃၆)ဦးအထဲမှ အသက်န္တရာယ်စိုးရိမ်ရသည့် တပ်မတော်သား (၂)ဦးကို အမြန်ပြန်လွှတ်ပေးလိုကြောင်း AA သတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

နီမင်းထွန်း
နိရဥ္စရာ၊ မတ်လ ၁၂/၂ဝ၂ဝ

ရက္ခိုင်တပ်တော်(AA)ဖမ်းဆီးရမိသည့် မြန်မာတပ်တော်သား(၃၆)ဦးမှ အသက်အန္တရာယ် စိုးရိမ်ရသော ဒဏ်ရာရထားသူ တပ်မတော်သား (၂)ဦးကို အမြန် လွှတ်ပေးလိုကြောင်း ယနေ့ မတ်လ ၁၂ ရက် ယနေ့ ညနေပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။
 
လူသားချင်းစာနာထောက်ထားသွားအားဖြင့် အမြန်ဆုံးလွှတ်ပေးလိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ကျေးရွာအနီး၌ တိုက်ပွဲကာလ(၂) ရက်တာအတွင်း ပဲခူးတိုင်းအခြေစိုက် တပ်မ(၇၇)လက်အောက်ခံ၊ ခမရ(၇)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကြီးသက်နိုင်ဦးနှင့် ဗိုလ်ကြီး (၄)ဦးအပါအဝင် မြန်မာတပ်မတော်သား(၃၆)ဦးကို အရှင်လက်ဖမ်းဆီးရမိခဲ့ပြီး  ၄င်းတို့ထဲမှ အသက်အန္တရာယ်စိုးရိမ်ရသော မြန်မာတပ်မတော်သား (၂)ဦးကို ဆေးကုသပေးထားသော်လည်း ၄င်းတို့၏ အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ခွဲစိတ်ကုသပေးရန် အရေးတစ်ကြီးလိုအပ်ကြောင်း ထုတ်ချက်တွင်ပါရှိသည်။

ထို့ကြောင့် ၄င်းတို့၏မိခင်အဖွဲ့အစည်းဖြစ်သော မြန်မာတပ်မတော်မှသော်လည်းကောင်း၊ NLD အစိုးရအနေဖြင့်သော်လည်းကောင်း၊ ကြားဝင်စေ့စပ်မှုပေးနိုင်သော လူမှုအဖွဲ့အစည်းများမှ သော်လည်းကောင်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အီးမေးလ်၊ ဖုန်းနံပေါတ်ကိုဆက်သွယ်၍ လာယူဆောင်ရန်နှင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မည်ကဲ့သို့ယူဆောင်ကြမည်ကို အမြန်ဆုံးညှိနှိုင်းလိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုကဲ့သို့ထုတ်ပြန်ခြင်းသည် မည်သည့်နိုင်ငံရေးအမြတ်ထုတ်လိုခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့် ရခိုင်လူမျိုးတို့၏ လူသားချင်းစာနာ ထောက်ထားသော ရပ်တည်ချက်အရ အမြန်ဆုံးပြန်လွှတ်လိုကြောင်းသာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ မတျလ ၁၂/၂ဝ၂ဝ

 




ဆက်စပ် သတင်းများ