စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်သွေးကြွနှင့်ဆက်နွယ်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၃ ဦး ကာလကတ္တားတွင်ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.3k

နိရဥ္စရာ၊ ဇွန်လ ၂၅/ ၂ဝ၁၉


အိန္ဒိယနိုင်ငံ ကာလကတ္တားရဲတပ်ဖွဲ့မှ စစ်သွေးကြွများနှင့် ဆက်နွယ်သည့် သံသယဖြင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦးကို ဖမ်းဆီးလိုက်သည်။

၎င်းဘင်္ဂလာဒေ့ရှ် နိုင်ငံသား သုံးဦးမှာ Ziaur Rahman (ခ) Mohsin (ခ)  Jahir Abbas၊  Mamnur Rashi နှင့် Shaheen Alam တို့ဖြစ်ကြပြီး နောက်တစ်ဦးမှာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂေါပြည်နယ်မှ Rabiul Islam တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ လူငယ် ၃ ဦးမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် မတရားအသင်း ကြေညာခံထားရသည့်  Jama'atul Mujahideen Bangladesh (JMB)မှ အဖွဲ့ဝင်များဖြစ်ကြပြီး ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံရမည်ကို ရှောင်ရှားနိုင်ရန် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ ကော်မရှင်နာ Shuvankar Sinha ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ ၄ ဦးအား အထူးရဲတပ်ဖွဲ့မှ Sealdah အရပ်မှ ဖမ်းဆီးပြီး နာရီပိုင်းအကြာ အင်္ဂါနေ့လယ်ပိုင်းက ကာလကတ္တားတရားရုံးသို့ ရုံးထုတ်ခဲ့သည်ဟု ဆိုသည်။

၎င်းတို့ အထဲမှ ဘင်္ဂလာဒေ့ရှ် သုံးဦးအား နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း၊ ၎င်းတို့ထံမှ စစ်သွေးကြွ များအား သင်တန်းပြုလုပ်ရာတွင် အသုံးပြုသည့်  ဗီဒီယိုဖိုင်များကို သိမ်းဆည်းရမိကြောင်း သတင်းက  ဆိုသည်။ 

ဆက်စပ် သတင်းများ