ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လက်နက်ကြီးကျည် ၄ လုံးကျပြီးနောက် ဝက်မကျကျေးရွာသားတို့ သားပုံရွာထဲ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝက်မကျ ကျေးရွာသို့ ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) မွန်းလွဲအချိန်က လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ရွာသားများအားလုံး ကျေးရွာကို စွန့်ခွာကာ တစ်မိုင်ကျော်လောက်ဝေးသည့် သားပုံကျေးရွာသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်ဟု ဝက်မကျ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

“ လက်နက်ကြီးကျည်က ၄ လုံးကျရောက် ပေါက်ကွဲတယ်။ နွားတစ်ကောင်သေတယ်။ ရွာထဲကို တောင်ပေါ်က လှမ်းပစ်တော့ ရွာသားတွေလည်း မနေရဲတော့ ဟိုတစ်စု ဒီတစ်စု ထွက်ပြေး ကြတယ်။ အခု မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ သားပုံကျေးရွာကို ရောက်နေကြတယ်။ ကြောက်စရာ အရမ်းကောင်းတယ်” ဟု သိက္ခာတော်(၂၇) ဝါ၊ သက်တော် (၅၇) နှစ်ရှိပြီ ဖြစ်သည့်  ဝက်မကျ ကျောင်းထိုင်ဆရာတော် ဦးသောဘိတက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

လက်နက်ကြီးကျည် လေးလုံးမှာ  စာပြနေသည့် ကျောင်းဆရာ ဆရာမများ၏ အိမ်အနီးတွင် တစ်လုံး၊  ဦးမောင်သာအေး၏ အိမ်နောက်မှာ တစ်လုံးနှင့် မောင်သိန်းထွန်း၏ ကွမ်းခင်းတွင်  တစ်လုံးကွဲကြောင်း၊  ၎င်းအနီးတွင် နွားတစ်ကောင်သေကြောင်း၊ ဘုန်းကြီးကျောင်းအနီးတွင်လည်း  တစ်လုံးကျကွဲပြီး  ကွမ်းခင်းတစ်ခု မီးလောင်သွားကြောင်း ဆရာတော်က မိန့်ကြားသည်။

“ မွန်းလွဲ ၂ နာရီကျော်က စပြီး ကွဲတာ။  မြစ်တစ်ဘက်ကမ်း တောင်ရှည်တောင်တန်းပေါ်က လှမ်းပစ်တာ။  ဦးဇင်းတို့ရွာက ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ တိုက်ပွဲ ဖြစ်နေတာ  ရက်ပေါင်း ၁ဝ ကျော်ကြာပြီ။ ရဟတ်ယာဉ်တွေနဲ့ တိုက်နေကြတာကို ဦးဇင်းကျောင်းက အထင်အရှား မြင်နေရတာပါဘဲ။ ဗမာ့တပ်မတော်က လှမ်းပစ်တာဘဲ တကာကြီးရယ်။ လှမ်းပစ်တာက ဘယ်လို ပြောရမလဲ။ လှမ်းပစ်တာက ယာခင်းတွေကို သွားတဲသူတွေကိုလည်း လှမ်းပစ်တာဘဲ။ ဦးဇင်းထင်တာက ဦးဇင်းတို့ ရခိုင်ရွာတွေဆိုရင် အေအေတွေနေမယ်။ အဲသလို အထင်များနဲ့ လှမ်းပစ်သလား မသိဘူး။ တိုက်ပွဲ မရှိရင်လည်း ပစ်နေတာပါပဲ” ဟု ဆရာတော်က မိန့်ကြားသည်။ 

ဝက်မကျ ကျေးရွာသည် အိမ်ခြေ  ၅၆ ဆောင်၊ လူပေါင်း ၃ဝဝ နီးပါးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

တစ်ခြား ဒေသခံ တစ်ဦးက “ သားပုံကျေးရွာက ကျနော်တို့ရွာလိုဘဲ အနောက်ဘက် တစ်ကမ်း တည်းမှာပါ။ ဝက်မကျနဲ့ တစ်ကမ်းတည်းပါ။ အခုတိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ ဆိုရင်  သားပုံရွာက  နည်းနည်း ဝေးတယ်။ တစ်မိုင်ကျော်လောက် ဝေးပါတယ်။ လက်နက်ကြီး မကျနိုင်ဘူး။ တစ်မိုင်လောက်  ခြေကျင် လျှောက်ပြီး ထွက်ပြေးလာကြတာပါ။ နောက်ဆုံး ရွာမှာကျန်တဲ့သူတွေ အကုန်လုံး ထွက်ပြေးလာကြပါပြီ။ မိန်းခလေးတွေ၊ ကလေးတွေကို သူပုန်ရွာကို ရောက်မှ တွေ့ရတာပါ။ လူတွေက ဘုန်းတော်ကြီး ကျောင်းရှေ့ စာသင်ကျောင်းမှာနေတယ်။ ဆရာတော်နဲ့ ကိုရင် တစ်ပါးကတော့ ဘုန်းကြီးကျောင်းမှာနေပါတယ်” ဟု ပြောကြားသည်။ 

ယနေ့နံနက် ၈ နာရီ ၃ဝ မိနစ်က ကျောက်တော်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ဆက်သွယ်ရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိသေးပါ။

-----------------------------------

Unicode:

လကျနကျကွီးကညြျ ၄ လုံးကပြွီးနောကျ ဝကျမကကြြေးရှာသားတို့  သားပုံရှာထဲ ထှကျပွေးခိုလှုံ

နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၈/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ