သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော် စစ်ဘေးရှောင်စခန်း ၉ ခုက စစ်ဘေးရှောင်ဦးရေ ၅ ထောင်ခန့် စားနပ်ရိက္ခာပြတ်လပ်၍ အခက်ကြုံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

သဥ္ဇာနွယ်

နိရဥ္စရာ၊ သြဂုတ်၂/၂၀၂၁

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်း ၉ ခုတွင် စားနပ်ရိက္ခာပြတ်လတ်မှုကြောင့် စစ်ဘေးရှောင် ၅ ထောင်ခန့် အခက်အခဲများစွာကြုံနေရသည်ဟု စစ်ဘေးရှာင်များက ပြောသည်။

"ကျမတို့ စခန်းမှာလည်း ဆန်တွေက ကုန်တဲ့သူကုန်နေပါပြီ။ လူကယ်ပြန်ကထောက်ပံ့တာတွေ။ တခြားအသုံးစရိတ်အတွက်လည်း အထောက်အပံ့တွေလိုနေပါတယ်"ဟု ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ ဒေါ်ယဉ်သိန်းနုက နိရဥ္စရာသို့ပြောသည်။

ရိက္ခာပြတ်လပ်နေသည့်စစ်ဘေးရှောင်စခန်း ၉ ခုမှာ ကံကြီးသျှင်ကယ်ဆယ်ရေးစခန်း၊ ရထားဘူတာကယ်ဆယ်ရေးစခန်း၊ မြို့တော်ခန်းမကယ်ဆယ်ရေးစခန်း၊ မှန်ကျောင်းကယ်ဆယ်ရေးစခန်း၊ ရဲမနိုင်ကယ်ဆယ်ရေးစခန်း၊ နေပူခံကယ်ဆယ်ရေးစခန်း၊ သိမ်ပြင်ကျောင်းကယ်ဆယ်ရေးစခန်း၊ ဇောတိကာရုံကယ်ဆယ်ရေးစခန်းနှင့် ရွှေကျောင်းကယ်ဆယ်ရေးစခန်းတို့ဖြစ်ကြသည်။

ရိက္ခာပြတ်လပ်နေသည့် အခြားစစ်ဘေးရှောင်တစ်ဦးကလည်း "ကျနော်တို့စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာရော တစ်ခြားအခက်ခဲပေါင်းစုံများစွာရှိနေပါတယ်။ တစ်နေ့ကို ၅၀၀ ရတာတောင် ခုမရတော့ဘူး။ ကျနော်တို့အရင်ကဆိုရင် ဆပ်ပြာမှုန့်တွေ၊ လက်သန့်ဆေးရည်တွေ၊ အာဟာရမှုန့်တွေရတယ်။ အခုဆို ဘာမှမရတော့ဘူး။ ဆန်ဆို ဆန်တစ်ခုပဲရတယ်။ ဆန်ကိုတော့ ကြက်ခြေနီအဖွဲ့က တစ်လတစ်ခါလာလှူပါတယ်။ ကျနော်တို့ဆန်တစ်ခုတည်းနဲ့ မိသားစုတွေဘယ်လိုစားရမှာလဲ။ အလုပ်လည်းမရှိဘူး"ဟု ပြောသည်။

ယင်းစခန်းအားလုံးတွင် လူဦးရေ ၄၈၀၀ ခန့်နေထိုင်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစတင်ကာ ရိက္ခာများနှင့် ထောက်ပံ့ငွေများ ပြတ်လပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ